ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Thursday 25 October 2012

ရေထဲက Screen လေး ဖန်တီးကြည့်ရအောင်

ရေထဲက Screen လေး ဖန်တီးကြည့်ရအောင်

 ရေကြည်ကြည်လေးရဲ့အောက်မှာ ခြေထောက်ကို တွဲလောင်းချပြီး
စိမ်ထားကြည့်ဖူးလား။ ကျွန်တော်ကတော့ အဲလိုမျိုး ကိုယ့်ခြေထောက်ကိုရေထဲစိမ်ပြီး ရေကြည်ကြည်လေးရဲ့ လှိုင်းတွန့်လေးတွေအောက်ကခြေထောက်ကို ဖောက်ပြီးမြင်ရတာကို အရမ်းသဘောကျပါတယ်။ ခင်ဗျားတို့လဲသဘောကျတယ်ဆိုရင်
အဲလိုလုပ်ကြည့်ပါ။ အရမ်းစိတ်ကြည်နူးဖို့ကောင်းပါတယ်။ ဒါနဲ့တင်အားမရသေးလို့ နောက်တစ်ဆင့်တက်ပြီး ခင်ဗျားရဲ့ Laptopကိုရေထဲစိမ်ထားလိုက်ရင် ရေလှိုင်းလေးတွေအောက်က Laptop Screen လေးဟာအတော်ကြည်နူးဖို့ကောင်းမှာပဲလို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကြည်နူးမယ်တောင် မကြံသေးဘူး Laptop ကြီးကို ရေစိုသွားလို့ Window  တောင်ကောင်းကောင်းတက်နိုင်တော့မယ်မထင်ပါဘူး။ ဒါပေမဲ့ စိတ်မလျှော့ပါနဲ့ဦး။ခင်ဗျားရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ Watery Desktop3D ရှိပါသေးတယ်။ Watery Desktop 3D Software လေးက ကွန်ပြူတာ Screen ကိုရေအောက်မှာ သွားထားထားသလိုမျိုး Effect တွေနဲ့ အလှဆင်ပေးမဲ့ softwareတစ်ခုဖြစ်ပါတယ်။ Soft Rain, Hard Rain, Storm, Glide wave စသည်ဖြင့်Effect တွေကလည်း အတော်စုံပါတယ်။ ဒါ့အပြင် mouse pointer ကို screenပေါ်မှာသွားနေရင် ရေထဲမှာ လက်နဲ့ကစားနေသလိုလှိုင်းလေးတွေဖြစ်သွားအောင်လည်း ဖန်တီးထားပါသေးတယ်။ Wallpaper functionတင်မကပဲ Screen Saver function ကိုလည်း ထည့်ပေးထားတဲ့အတွက်အတော်အသုံးဝင်တဲ့ software တစ်ခုဖြစ်ပါတယ်။ Watery Desktop 3D softwareကို Push- Entertainment က ထုတ်လုပ်ထားတာဖြစ်ပြီး 1.38 MB ပဲရှိပါတယ်။


အောက်မှာဒေါင်းလိုက်နော်။

http://www.animated-wallpaper.com/files/WateryDesktop3D_setup.zip

No comments:

Post a Comment

zawko95@gmail.com