ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Monday 26 November 2012

PC မှ Viber ဖုန်းခေါ်နည်း

PC မှ Viber ဖုန်းခေါ်နည်း
ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။

Code:

ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်


Code

ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....

bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို ru လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။


Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်

မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။ (မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်

download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

Sunday 25 November 2012

မိမိကွန်ပြူတာ Hang သွားသည့်အကြောင်းအ၇င်းများ

မိမိကွန်ပြူတာ Hang သွားသည့်အကြောင်းအ၇င်းများ
ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်...
လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။
အဆင်ပြေကြပါစေဗျာ..ဆန္ဒများစွာဖြင့် ကြိုးစားလျက်

Saturday 10 November 2012

အဝလွန် ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချပေးပါတယ်

သင်ကနှလုံးရောဂါ ဖြစ်ပွါးနီုင်ခြေ များသူလား


အောက်ပါ အချက်အလက်တွေထဲက တစ်ခုမဟုတ် တစ်ခု ရှိနေပါက နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေကို လက္ခဏာ မရှိသူတွေထက် ပိုမိုဖြစ်ပွား နိုင်ခြေ ရှိပါတယ်။
၁။ သွေးတိုးရောဂါရှိခြင်း


သင့်မှာ သွေးတိုးရှိတာက နှလုံးကို ထိခိုက်မှု ဖြစ်စေပြီး သွေးကြောတွေကို ပျက်စီးကာ သွေးကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။

၂။ အမျိုးသားဖြစ်ခြင်း


အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများ ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။


၃။ မျိုးရိုးရှိခြင်း


မိဘမျိုးရိုးမှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ တစ်ခုခု ရှိသူတွေဟာ တခြားသူတွေထက် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။


၎။ အသက် ၄၀ ကျော်ခြင်း


အသက် ၄၀ ကျော်လာသူတွေဟာ အသက် ၄၀ အောက် အရွယ်တွေထက် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။


၅။ သွေးတွင်း ကိုလက်စထရော များခြင်း


သွေးတွင်းကို လက်စထရောများပါက သွေးကြောအတွင်းမှာ အဆီခဲတွေကို ဖြစ်စေပြီး သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းစေပါတယ်။ သွေးကြောတွေ ကျဉ်းသွားတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှု နည်းသွားစေပြီး နှလုံး ရောဂါကို ဖြစ်စေပါတယ်။


၆။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက နှလုံးခုန်မြန်စေပြီး သွေးကြောတွေကို ကျဉ်းစေတာကြောင့် နှလုံးဆီ သွေးစီးဆင်းမှုကို လျော့နည်းစေပါတယ်။

၇။ ဆီးချိုသွေးချို ရောဂါရှိခြင်း

ဆီးချိုသွေးချို ရောဂါရှိသူတွေရဲ့ လေးပုံသုံးပုံလောက်က နောက်ဆက်တွဲ ဖြစ်ပွားတဲ့ နှလုံးနဲ့ေ
သွးကြောရောဂါတွေကြောင့် သေဆုံးခဲ့ကြပါတယ်။ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်တွေဟာ သွေးချိုကို ထိန်းထားနိုင်တယ် ဆိုရင်တောင် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ သွေးချိုကို ထိန်းမထားနိုင်ခဲ့ရင်တော့ နှလုံးနဲ့ သွေးကြောတွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

၈။ အဝလွန်ခြင်း

အဝလွန်သူတွေဟာ အထူးသဖြင့် ခါးတစ်ဝိုက်မှာ အဆီများသူတွေဟာ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ များပါတယ်။

၉။ အရက်သောက်ခြင်း

အရက်သောက်သုံးသူ အများစုဟာ သင့်တင့်တဲ့ ပမာဏကိုသာ သောက်သုံး သူ အလွန်နည်းပါတယ်။ အလွန်အကျွံ သောက်သုံးတာတွေကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်နိုင်ခြေ များရတာပါ။

၁ဝ။ စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများတာကြောင့် ခန္ဓာကိုယ်တွင်းမှ ထွက်လာတဲ့ ဟော်မုန်းတွေက နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပါတယ်။

၁၁။ လှုပ်ရှားမှုမရှိခြင်း

ပုံမှန်လေ့ကျင့်ခန်း လုပ်တာက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ကို လျှော့ချပေးပါတယ်။ ပုံမှန် လေ့ကျင့်ခန်း မလုပ်တာ၊ လှုပ်ရှားမှု မရှိတာ တွေက နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးတွင်းကို လက်စထရော ပမာဏနဲ့ သွေးပေါင် ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချို ရောဂါနဲ့ 
အဝလွန် ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချပေးပါတယ်

ယောကျာင်္းလေးတွေရဲ့ အချစ်စစ်

ယောကျာင်္းလေးတွေရဲ့ အချစ်စစ်

 

 

မဖတ်ဘူးသေးတဲ့သူတွေအတွက် မျှဝေလိုက်တာပါ။။။။။
ယောကျာင်္းလေးတွေရဲ့စိတ်ထဲ အဲလိုဖြစ်နေရင် အချစ်စစ်တဲ့ ယောကျာင်္းလေးတိုင်း ဟုတ်မဟုတ်တော့မသိ နော် စမ်းစစ်ကြည့်ကြပေါ့နော်
(1) Guys may be flirting around all day, but before they go to sleep,
they always think about the girl they truly care about.
ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက်တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ……
(2) Guys are more emotional then you think. If they loved you once,
it’ll take them a lot longer then you think to let go in their head,
and it hurts every second that they try.
ယောက်ျားလေးတွေက ကောင်မလေးတွေထင်ထားတာထက် ပိုပြီးစိတ်ခံစာံးလွယ်ပါတယ်..သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက်
ပိုပြီးအချိန်ပိုကြာတတ်ပါတယ်… Second တိုင်းအမျှ ခံစားရတတ် ပါတယ်…
(3) Guys go crazy over a girl’s smile.
သူတို့ဟာ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..
(4) A guy who likes you wants to be the only guy you talk to.
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..
(5) If a guy tells you about his problems, he just needs someone to listen to him. You don’t need to give advice.
သူတို့မှာရှိနေတဲ့ ပြသနာကိုပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့
သဘောပါပဲ.. အကြံတောင်းနေတာ မဟုတ်ကြဘူး.. တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ............

(6) A usual act that proves that the guy likes you is when he teases you.
ပုံမှန်ပြောဆို စနောက်နေချင်းဟာလည်း ကောင်လေး ဘယ်လောက် ချစ်ကြောင်းသက်သေ တစ်ခုပါပဲ..
(7) Guys love you more than you love them !!!
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..
(8) Guys use words like hot or cute to describe girls. They rarely use
beautiful or gorgeous. If a guy uses that, he loves you or likes you a
whole heck of a lot.
သူတို့ ကောင်မလေးတွေကို မိုက်တယ်.ချစ်စရာကောင်းတယ် လို့ပဲပြောတတ်ကြပါတယ်.. အဲ.. လှတယ် မဟာဆန်တယ်ဆိုရင်တော့
သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..
(9) If the guy does something stupid in front of the girl, he will
think about it for the next couple days or until the next time he
spends time with the girl.
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင်သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်.. မဟုတ်ရင်တော့ နောက်တစ်ကြိမ် ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..
(10) If a guy looks unusually calm and laid back, he’s probably faking it and he’s really thinking on something.
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့ သူတို့စိတ်ထဲမှာ တစ်ခုခုတွေးနေတာပဲဖြစ်ပါတယ်..
(11) When a guy says he is going crazy about the girl, he really is. Guys rarely say that.
သူတို့ကောင်မလေးတစ်ယောက်ကြောင့်ရူးနေရပြီဆိုရင်သူတို့အမှန်တကယ် ပြောနေခြင်းသာဖြစ်ပါတယ်.. ပြောခဲတဲ့စကားလေးပါ..
(12) When a guy asks you to leave him alone, he’s just actually saying, “Please come and listen to me.”
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့
ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..
(13) If a guy starts to talk seriously, listen to him. It doesn’t
happen that often, so when it does, you know something’s up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..
(14) When a guy looks at you for longer than a second, he’s definitely thinking something.
တစ်second ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာတွေးနေလို့ပဲဖြစ်ပါတယ်..
(15) Guys really think that girls are strange and have unpredictable decisions and are MAD or confusing, but somehow are drawn even more to them.
(ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာကောင်မလေးတွေ :) အကြောင်းကိုပိုတွေးတတ် ကြပြီး သူတို့အာရုံမှာ မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..
(16) No guy can handle all his problems on his own; he’s just too stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး.. သူတို့ဝန်ခံဖို့ မရဲတာသာဖြစ်ပါတယ်..
(17) When a guy sacrifices his sleep and helth just to talk to you, He really likes you and wants to be with you as much as possible……..
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့
သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..
(18) Even if you dumped a guy months ago and he loved you, he probably still does and if he had one wish it would be for you to come back into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့်ဆုတောင်း တာတစ်ခုရရှိမယ်ဆိုရင် အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..တစ်ဘ၀မှာတစ်ခါလောက်တော့ ရင်ထဲက ခံစားချက် အစစ်အမှန်လေးနဲ့ လွတ်လပ်စွာ ပျံသန်းကြည့်ပါရစေ
................ :)
ပျော်၇ွှင်ချမ်းမြေ့ကြပါစေ။

မိမိဂျီမေးလ်အကောက်လိပ်စာမကျန်ခဲ့အောင်ဖျက်နည်း

မိမိဂျီမေးလ်အကောက်လိပ်စာမကျန်ခဲ့အောင်ဖျက်နည်း

မိဂျီမေးလ်အကောက်လိပ်စာမကျန်ခဲ့ အောင်ဖျက်နည်းပါ..ဆိုင်မှာသုံးတဲ့သူငယ်ချင်းတွေအတွက်နှင့် မသိသေးတဲ့သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်...သိပြီးတဲ့ ညီအစ်ကိုမောင်နှမ တွေက တော့ ကျော်သွားပေါ့ဗျာ..
.ပထမဦးဆုံး window+R နှိပ်ပြိး Run Box ကို ခေါ်လိုက်ပါ။ regedit လို့ရိုက်ထည့်ပေးပါ။ ပြီး၇င် ok နှိပ်လိုက်ပါ။    ပုံနဲ့ပြပေးပါမယ်...ပုံလေးတွေအတိုင်းဆက်လုပ်သွားပေးပါ နော်.........
  ပြီးတော့ HKEY_CURRENT_USER ကိုနှစ်ချက်နှိပ်လိုက်ပါ။ 
ပုံတွင်ပြထားသည့် အတိုင်း software ကိုကလစ် နှစ်ချက်နှိပ်လိုက်ပါ




ဆက်လက် ပြီးပုံတွင်ပြထားသည့် အတိုင်း Google talk ကိုနှစ်ချက် ကလစ်လိုက်ပါ။

Google talk ကို ကလစ်လိုက်တာနဲ. ပုံတွင်ပြထားသည့် အတိုင်းမိမိသုံးထားတော့ gmail အကောက်တွေကို တွေ့ရပါလိမ့်မည်။

 ပြီးလျှင် Right Click ထောက်ပြီးတော့ Delete လုပ်လိုက်ပါ။ 

ဒါဆိုရပါပြီ ကွန်ပျူတာမှာ မိမိဂျီမေးလ် လိပ်စာ မကျန် တော့ပါဘူး...ကျွန်တော်သိတဲ့နည်းကိုပြောပြတာပါ...
တစ်ခြားနည်းလမ်းတွေလည်းရှိမှာပါ......
***regedit ကို သုံးရင် သေချာ သတိနဲ့ သုံးပါလို့ မှားဖျက်တာ ဆိုရင်တော့ သွားပြီနော်***
သူငယ်ချင်းအားလုံးအဆင်ပြေပျော်ရွှင်ချမ်းမြေ့ကြပါစေ......

 

Friday 9 November 2012

ဖေ့ဘုတ်မှာ Font လှလှတွေထည့်မယ်

ဖေ့ဘုတ်မှာ Font လှလှတွေထည့်မယ်

အခုဟာလေကတော့ ဖေ့ဘုတ်မှာ စာလုံးဒီဇိုင်တွေ အလှဆင်မို့ အတွက်ပါ.........ချစ်သူရှိတဲ့ သူတွေကလည် ကိုယ့်ချစ်သူအတွက် စာလုံးလှလှလေတွေ  လက်ဆောင်ပေးလို့ ရတာ
အခု ကျနော်ဓာတ်ပုံမှ ပြထာတဲ့အတိုင်း အဲသလိုစာလုံးတွေကို အောက်ကလင့်မှာ သွာယူပြီး မိမိဥာဏ်ရှိသလို အသုံးချလို့ရပါတယ်...



အဲဒီဆိုဒ်ကို သွားပြီးရင်ကြိုက်တဲ့ စာလုံးတွေကို Selectလုပ်ပါ  ပြီးရင် ကော်ပီပေါ့ (Ctral+C) နောက်ပြီး မိမိ ရေးလိုတဲ့နေရာမှာ ....... ညာဘက်ကလစ်နှိပ်ပြီးတော့ Paste (C+V)  

 

facebook ဆိုင်ရာနည်းပညာမှ ကူးယူတင်ပြထားသည်။

မြတ်နိုးခြင်း

မြတ်နိုးခြင်း
 
သူမရဲ့ မျက်ဝန်းအလှတွေဟာ
ကျွန်တော့်ကို ဒူးထောက်လှဲကျစေခဲတာ
ကျွန်တော်…..မြတ်မြတ်နိုးနိုး သူမကိုချစ်ပါတယ်။
သူမ ၀မ်းနည်းနေတဲ့အခါ နှစ်…သိမ့်ပေးဖို့
ကျွန်တော့်….. မေတ္တာတွေ
လုံလုံလောက်လောက်ရှိပါတယ်။
ဒါပေမယ့်…..
ကျွန်တော့်ရဲ့ ချစ်ခြင်းက
သူမအတွက်…နားထောင်လို့မရအောင်
ကီးကြောင်နေတယ်ထင်ပါရဲ့…..
နာကျင်မှုဟာ
ဒီတောတန်းက မှိုတွေအလားပဲ။
နှလုံးသားဟာ
သစ္စာတွေ ပရပွ နဲ့
လောင်ကျွှမ်းနေတာတောင်
သူမ မြင်နိုင်ဖို့ ရောင်နီမသန်းသေးဘူး။
ဒီလိုနဲ့…..
ခရမ်းရောင်ရင်ဘတ်နဲ့ လေတံခွန်က ကြိုးမဆုံးသေးဘူး…..
တိမ်ဖြူလွှလွှလေး တစ်နေရာရွှေ့နှင့်ပြီ။
ပြက္ခဒိန်တွေ
တစ်ထပ်ပြီးတစ်ထပ် အရေခွံလဲလို့ကောင်းတုန်း…..
ကျွန်တော့် ရှုခင်းမှာ
သူ့ ပုံရိပ်တွေချည်း ဝေေ၀ဆာဆာပွင့်နေကြလေရဲ့…..
အရိုးရှင်းဆုံးကဗျာတစ်ပုဒ်ကို
အိပ်မက်ထဲအထိ လွမ်းရသလိုမျိုး
သူ့ကို လွမ်းခဲ့ဖူးပြီ…..
မြက်ခင်းလေးတွေ စိမ်းလန်းခွင့်မရခဲ့တာကိုက
ကံကြမ္မာ ပါပဲ။
ဖြစ်နိုင်ရင်…..
ဖြစ်နိုင်ခဲ့ရင်….
ကံကြမ္မာ ရဲ့ အဆုံးမှာ
တို့နှစ်ယောက် ဘ၀တွေ လှလှပပ
နိဂုံးချုပ်နိုင်ကောင်းပါရဲ့………
…..။

ချစ်သူဆီသို့ တမ်းတရင်း.......

facebook News Feed မှာ မိမိမမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

 facebook News Feed မှာ မိမိမမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

ကျနော်တို့ ဖေ့ဘုတ်မှာ နည်းပညာ-ကျန်းမားရေးဆိုင်ရာတွေ ဆောင်းပါတွေ ကဗျာတွေ နှင့် အခြာသော ဗဟုသုတဖြစ်စေမယ့် ပိုစ့်တွေပဲ ဖက်ခြင်းပြီး သူများကိုဆဲဆိုပုတ်ခတ်တဲ့ ပိုစ်တွေမဖက်ခြင်းဘူး မမြင်ခြင်းဘူးဆို အခုနည်းနဲ့ လုပ်လို့ပါ  တင်တဲ့သူကိုယ်လည် Unfriend/Block တွေလုပ်စရာမလိုပါဘူး

ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ့်စိတ်အနှောက်ယှက်ဖြစ်တဲ့ သူရဲ့ page wall  ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် စိတ်အနှောက်ယှက်ဖြစ်စေမဲ့  ပိုစ်တွေ ကိုယ့် News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။


facebook ဆိုင်၇ာနည်းပညာမှာကူးယူတင်ပြထားသည်။

တမ်းတခြင်း

တမ်းတမိခြင်း
 
 
 
ချစ်သူ..
ငါ့နား မင်းမရှိတဲ့အခိုက်မှာ
နေ့တွေက ဗလာ
ညတွေက ရှည်ကြာနဲ့
အထီးကျန်ဆန်လွန်းပါတယ်ကွာ......
.

အချစ်နဲ့ပတ်သတ်ပြီး ခံစားချက်မဲ့တဲ့ငါဟာ
အခုတော့ မင်းစကား မင်းပုံရိပ်တွေနဲ့
စိတ်ကူးယဉ် ကမ္ဘာထဲမှာ
ချာချာလည်လို့နေပေါ့...........

စိတ်ကူးတွေနဲ့ ရှင်သန်လို့
တို့နှစ်ယောက်ရဲ့ အိမ်မတ်ကမ္ဘာလေးဆီ
မင်းကို ခေါ်ဆောင်သွားခွင့်ပြုပါ
ချစ်သူ........

ကံကြမ္မာစေစားလို့ ကို့ဘ၀ပြောင်းချင်ပြောင်းသွားလိ
မ့်မယ်
မင်းအပေါ်ထားတဲ့ ကို့အချစ်တွေ
ထာဝရမပြောင်းလဲပါဘူး.........

ချစ်သူရေ ဘ၀ခရီးကတော့
ထင်သလောက် မလွယ်ကူးနိုင်မှန်းသိပါတယ်
တို့နှစ်ယောက်အချစ်တွေနဲ့
ကိုယ့်လမ်းကိုယ်ဖောက်ကြတာပေါ့
ဒီအချိန်မှာ မင်းက ကိုယ့်ရဲ့လမ်းပြကြယ်လေးလို
ကို့ကို အလင်းရောင်ဆောင်ကြည်းပေးပါ.....
.....

မင်းလိုအပ်ချိန်မှာ ငါ့မင်းနားရှိနေသလို
ငါလိုအိပ်တဲ့ချိန်မှာ ငါ့နားမင်းရှိနေပေးပါ
ငါချစ်သလောက်သာငါကိုပြန်ချစ်ပါ
မင်းကိုထာဝရအတွက်
ကြင်နာယုယ ပွေဖက်သွားပါမယ်.....

ဘယ်သောအရာကမှာ မင်းအပေါ်ထားတဲ့ငါ့ရဲ့ချစ်တွေကို
ပြောင်းလဲမပြစ်နိုင်ပါဘူး
ချစ်သူရယ်.....................
.......................
ချစ်သူနှစ်ဦး ပျော်၇ွှင်ချမ်းမြေ့ပါစေ။

Tuesday 30 October 2012

ဆောင်းရာသီအတွက် အဆီပြန် အသားပတ် ဆားဝက်ခြံ ထွက်သူအတွက် နည်းလမ်းလေးပါ

ဆောင်းရာသီအတွက် အဆီပြန် အသားပတ် ဆားဝက်ခြံ ထွက်သူအတွက် နည်းလမ်းလေးပါ



ထောပတ်သီး
ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံလိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလိမ့်မယ်နော်။
 
ဂျုံမှုန့်
 ဆောင်း၇ာသီ၇ဲ. အအေးဒဏကိုခံနိုင်၇ည်ရှိအောင် လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမှုန့်၊ ကြက်ဥအနစ်နဲပျား၇ည်ကို ဆတူရောမွေပါ။ မျက်နှာပေါ်မှာ မိနစ် ၂၀ ထားပြီးေ၇နွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေ၀င်းပတဲ့ မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်

  ဌက်ပျောသီး
ပေါင်းစပ်အသားအေ၇ ပိုင်၇ှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်၇င် ဌက်ပျောသီးလေးကိုပဲ သတိ၇လိုက်ပါ၊ ဌက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး နာ၇ီဝက်နေ၇င်ေ၇ဆေးချလိုက်.... အသားအေ၇ကို နူညံ့စေတဲ့ ချောမွေစေတဲ့ အာဟာရဓါတ်တွေ ဖြည့်ပေးတဲ့ ဌက်ပျောသီးလေးရဲ့ အံ့ဖွယ် စွမ်းပကားကို အ၇မ်းကျေးဇူးတင်သွားမှာနော်။ ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ -၂ ကြိမ်သာလုပ်သွားလိုက် ဆောင်း၇ာသီမှာ  အသားခြောက်၊ အသားပတ်တတ်တယ်ဆိုတာကို ပါ မေ့သွားလိမ့်မယ်........... ၀က်ခြံထွက်နေသူတွေအတွက် ကတော့ ဖီးကြမ်းဌက်ပျောသီးအခွံနဲ့ ပွတ်ပေး၇င်ပါးပြီး ပျောက်သွားပါလိမ်ံမယ်တဲ့........... 


ဆားဝက်ခြံကို လက်ပြနှုတ်ဆက်နိုင်မဲ့ နည်းလမ်းလေးတွေ၇ှိပါတယ် သဘာဝနည်းလမ်းကော်းများ 

 ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေ၇ာပေါ်မှာ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီး၇င်ဒီတိုင်းပဲ ထားနော်။ Moisturizer ကို ချက်ချင်းမလိမ်း၇ဘူး။ - ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့ နေရာမှာ ၂၅ -၂၀ မိနစ်ခန့် ထားပြီ ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြိး အလွန်ထိရောက်မှုရှိပါတယ်။ -မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကိုေ၇နှင့် ဆတူရောစပ်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ငြင်သာစွာ ပွတ်ပေးပါ။ ထို.နောက် ရေနွေးလေးနဲ့ ဆေးချပါ။ - ထူးဆန်းတဲ့နည်းလေးလည်း ရှိသေးတယ်နော်။ အမြှုပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့ နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်က တစ်ရူးလေးကပ်လိုက်ပါ။ နာ၇ီဝက် ဒါမှမဟုတ် ခြောက်သွားတဲ့အခါ ဖြေးဖြေးလေးဆွဲခွါပြီး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် ok ပြီး   


အဆီပြန်သူတွေအတွက်ပါ 
(၁) နနွင်းမှုန့် လက်ဖက်၇ည်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်ရည် ပန်းကန်လုံးတစ်ခွက်စာကို ရောပြီး၇င် မျက်နှာအနံ့ လိမ်းပြီး ၁၀ မိနစ်ထားထားနော်။ ပြီးတော့ေ၇အေးလေးနဲ့ ဆေးချလိုက်ပါ၊ သူငယ်ချင်း၇ဲ. မျက်နှာလေးကာ သန့်စင်ပြိးဝင်းပလာပါလိမ့်မယ်.။

  (၂) ဌက်ပျောသီးမှည့်တစ်လုံး ပျား၇ည်တစ်ဇွန်းနဲ့ လိမ္မော်ရည်စက်အနည်းငယ်ကိုေ၇ာမွှေလိုက်နော်။ သေသေချာချာကြေညက်သွား၇င် ရလာတဲ့ အနစ်ကို မျက်နှာပေါ်မှာ ပါးပါးလေးသုတ်လိမ်းပြီး ၁၅မိနစ် လောက်ထားလိုက်ပါ။ ပြီး၇င်ေ၇နွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှာပေးပြိး ချွေးပေါက် တွေကို လည်း သန့်စင်ပေးပါတယ်။
 

(၃) ခ၇မ်းချဉ်သီး အလတ်စားတစ်လုံးကို အရည်ထွက်လာအောင်ကြိတ်ပါ။ ပြီး၇င် သံပု၇ာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ေ၇ာပြီး မျက်နှာပေါ်မှာလိမ်း၊ ၁၀ မိနစ်ထားပြီး၇င် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ၊ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့ အပြင် ၀က်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။

  (၄) ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်၇ီသီး ၄-၆ လုံးကိုခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်၊ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ ရောပြီးမျက်နှာမှာ သုတ်လိမ်းပြိး မိနစ်၂၀ထားပါ၊ ပြီး၇င်ေ၇အေးလေးနဲံ့ဆေးချလိုက်ရုံပါပဲ။

 (၅ ) ဓါတ်တိုးဆန့်ကျင်ပဧ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွါ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ၊ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ေ၇ာပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ်ပြည့်၇င်  ရေနွေးလေးနဲ့ ဆေးချလိုက်ပါ၊ ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ၊

 (၆) နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို အခွံခွါပြီးေ၇နွေးထဲမှာ ခဏစိမ်လိုက်နော်၊ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ် ဂျုံမှုန့် ၂ ဇွန်း၇ယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ၊ ချွေးပေါက်တွေကျယ်ပြီး ၀က်ခြံလည်း၇ှိတဲ့ အဆီပြန်တဲ့ အသားအေ၇ပိုင်ရှင်တွေ အတွက်တော့ အ၇မ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။
 

(ရ) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်၇ည်ဇွန်း၊ ဂျုံမုန့်လက်ဖက်၇ည် ပန်ကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိထည့်မွှေပါ။ ပြီးတော့မျက်နှာပေါ်မှာ 10မီနစ်လိမ်းထားပြီးမျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်ပြီး ၀က်ခြံတွေကိုလည်း သက်သာစေတယ်လေ။
 

 အားလုံးအသုံးဝင်မယ်လို့..."Good Health" မှတင်ပြပေးလိုက်ပါတယ်။ အားလုံးလှပပျော်၇ွင်စိတ်ကြည်လင်ပါစေလို့ ဆုတောင်းပေးပါတယ်.....


မိမိကွန်ပျူတာကို (LOGING PASSWORD )ဖြုတ်ချင်ဘူများအတွက်

မိမိကွန်ပျူတာကို (LOGING PASSWORD )ဖြုတ်ချင်သူများအတွက်
နားလည်လွယ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်...
  ( ပုံ - 1 ) Start > Control Panal ကနေ ပုံလေးတွေမှာ ပြထားတဲ့ အတိုင်း ဆက်လုပ်သွားပါ...


(ပုံ - 2 )  မြှားထိုးထားတဲ. အနီရောင်အကွက်လေးကို နှိပ်လိုက်ပါ (User Accounts And Family Safety)



( ပုံ - 3) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ.အကွက်လေးကို နှိပ်လိုက်ပါ (User Accounts )

( ပုံ - 4) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ့ အကွက်လေးကို နှိပ်လိုက်ပါ (Created a Password for your account )



( ပုံ 5 )  ဒီနေရာကိုရောက်ရင် မိမိ ပေးထားတဲ့ Password ကို ရိုက်ထည့်ပေးပြီး Remove Passwordကို နှိပ်ပေးလိုက်ပါ 





. WinKey+Lကိုနှိပ်ပြီးစမ်းကြည့်ပါPasswordမတောင်းတော့ပါဘူး.....
အားလုံးအဆင်ပြေကြပါစေ...

Monday 29 October 2012

မိမိကွန်ပြူတာလုံခြုံဖို့ Login Password ထည့်နည်း

မိမိကွန်ပြူတာလုံခြုံဖို့ Login Password ထည့်နည်း

 ( ပုံ -1 )

  

 ကွန်ပြူတာဖွင့်ရင် Password ခံတာလေးရှင်းပြပေးပါမယ် မသိသေးသူတွေလဲ ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်...

 ကွန်ပြူတာကို သူများတွေ မကိုင်စေချင်လို့  လုံခြုံအောင် PasswordWindow စ တင်တင်ချင်းမှာလည်း Password ကို တစ်ခါထဲ ထည့်ပေးလို့ရပါတယ်.. ခံပေးတာကို မေးထားတာပါ  .. တကယ်တမ်း

 ခုမှ ပြန်ပြီး loggon Password ကို ပြန်ထည့်ထားချင်တယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးလိုက်ပါ...
နားလည်လွယ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်...
 ( ပုံ - 2 ) Start > Control Panal ကနေ ပုံလေးတွေမှာ ပြထားတဲ့ အတိုင်း ဆက်လုပ်သွားပါ...

(ပုံ - 3 )  မြှားထိုးထားတဲ. အနီရောင်အကွက်လေးကို နှိပ်လိုက်ပါ (User Accounts And Family Safety)

  


( ပုံ - 4) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ.အကွက်လေးကို နှိပ်လိုက်ပ(User Accounts )

( ပုံ - 5) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ့ အကွက်လေးကို နှိပ်လိုက်ပါ (Created a Password for your account )
ဒီနေရာမှာ နံပါတ် (1) နဲ့ (2) မှာ ကိုယ်ပေးမဲ့ Password ကို တူညီအောင် ရိုက်ထည့်ပေးလိုက်ပါ..။ နံပါတ် (3)ကို နှိပ်ပြီး Save ပေးလိုက်ပါ ..(ကိုယ်ပေးတဲ့ Password ကိုတော့ မှတ်ထားပေါ့နော်) စမ်းကြည့်ချင်တယ်ဆိုရင် Win Key + L ကို တွဲနှိပ်လိုက်ပါ ..Password တောင်းပါလိမ့်မယ် စောစောက ပေးခဲ့တဲ့ Password ကို ရိုက်ထည့်ပေးပြီး ဖွင့်လိုက်ပါခင်ဗျာ






အဆင်ပြေပါစေ...။...
ကျေးဇူးအထူးတင်၇ှိပါတယ်ဗျာ











 

Saturday 27 October 2012

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....

 

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက်နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင်ယောက်ျား ရှာဖွေရသော ဥစ္စာပစ္စည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။


၎။ လင်ယောက်ျား နောက်မှ အိပ်လေ့ရှိခြင်း..။


၅။ လင်ယောက်ျား ၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။


၆။ လင့်ယောက်ျား အာဏာကို မဖီဆန် လင်ယောက်ျား ၏အလိုသို့လိုက်၍ ပြုရခြင်း..။


၇။ လင်ယောက်ျား အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။


၈။ အပူအချမ်းတို့ လျော်စွာ လင်ယောက်ျား အား ဝတ်ဆင်ပေးရခြင်း..။


(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”


၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ
်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။


၃။ အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း လင်ယောက်ျား အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။


၎။ ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။


၅။ အိပ်သောအခါလင်ယောက်ျား ကို မွေ့ လျှော်စေတတ်ခြင်း..။


၆။ အရောင်အဆင်းပြုပြင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။


၇။ အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။


ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။
FW:Facebook

၇ုပ်လှစ၇ာမလို အနေလှဖို.သာလို

၇ုပ်လှစ၇ာမလို အနေလှဖို.သာလို

 မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် 

 ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စာရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့စိတ်သဘောထားနဲ့

 မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊
စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို
မစွန့်လွတ်သရွေ.ဘယ်သူကမှကိုယ့်တက်လှမ်းကိုတားဆီးပိတ်ပင်နိုင်မှာမဟုတ်ဘူး။ 
တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို.ကမိန်းကလေးတွေဟာ"ရေ"ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ငြင်သာသတဲ့။မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာတက်မဖြစ်တယ်။အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာရူခင်းဖြစ်တယ်။ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
မိန်းမကောင်းဆိုတိုင်းရုပ်ရှည်လှပနေမှမဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့်
စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကိုဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်ခါတိုင်ရင်ကိုကော့ ခေါင်းကိုမော့ပြီးအပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာအလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှအဲဒီပန်းဖူးပွင့်ဖိုမငြင်းဆန်တတ်ကြဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ လက္ခဏာတွေနဲ့ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကိုကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။
ပိုနှစ်လိုစေတယ်။ကိုယ့်ကိုယ်တိုင်ကိုချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊  သက်ရှိအားလုံး လောကမှာချစ်လို့ရတဲ့အရာတွေကိုချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့အရိပ်တွေကိုတွေ့နိုင်တယ်။လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကိုဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကိုကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက
မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကိုအောင်နိုင်ရယူသူတွေဖြစ်တယ်။
မွေးဖွားရာဒေသကိုကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့
မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင်ဖမ်းဆုပ်နိုင်ပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။
ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။ 
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ငြင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄)ရမ္မက်လောဘကင်းရှင်းတဲ့မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီးဆွဲဆောင်မှုနဲ့ ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။
မူရင်း-- google search or 女人可以生得不漂亮,但是一定要活得漂亮
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း

                   Mozilla Firefox သုံးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးခြင်း  ဖြစ်ပါတယ်ခင်ဗျာ
မထင်ထားတဲ့ နေရာတစ်ခုမှာ သူငယ်ချင်းတို့  password တွေ ကျန်နေခဲ့တက်ပါတယ်  သတိမထားမိလိုက်ခြင်းကြောင့်လည်းဖြစ် တက်ပါတယ် ဘယ်လို့ကြောင့် မိမိ password တွေMozilla Firefox
ထဲမှာ ကျန်ရှိနေတာလဲဆိုရင်    ဆိုဒ်တစ်ခုခု ဝင်ဖြစ်ခဲ့ရင်
Mozilla Firefox မှာ Remember password ဆိုပြီးဖိုင့်တစ်ခုတက် လာပြီး မေးပါတယ် Remember password ကိုမနှိပ်ရင်တော့ ဘာမှာမဖြစ်ပါဘူး နှိပ်လိုက်၇င်တော့ Security ထဲကိုရောက်သွားပြီး
သူငယ်ချင်းရဲ့အကောင့်နဲ့  password ကိုမှတ်ပြီးသာဖြစ်သွားပါမယ်
အဲ့လို့ တွေ မကျန်ခဲ့အောင် ဘယ်လို့ ကာကွယ်မလဲ ဘယ်လို့ လုပ်ကြ မလဲ ဆိုရင် လွယ်လွယ်လေးပါပဲ  ကျွန်တော်ရှင်းပြထားတဲ့ နည်းလေး အတိုင်း ဖြေရှင်းပေးလိုက်ပါ
အဆင်ပြေပါပြီး

( ပုံ ၁ )   ဆိုဒ်တွေဝင်ရင် Remember password လုပ်မှာလားလို့   မေးသော ပုံ 

 Mozilla Firefox  ထဲမှာ Tools ကိုကလစ်လိုက်ပါပြီးရင် Options ကိုထက်ပြီးကလစ်ပေးပြီး Security  ထဲကိုဝင်လိုက်ပါ  Security  ဖိုင့်ထဲမှာ Saved Password ဆိုတဲ့ ဘောက်ကိုကလစ်လိုက်ပါ
Saved Password ဆိုတဲ့ဖိုင့်တစ်ခုတက်လာရင် သူငယ်ချင်းတို့  Remember password ဆိုတာကို ကလစ်ပေးထားတဲ့
အကောင့်တွေ ဝင်ထားတဲ့ ဆိုဒ်တွေရဲ့ အကောင့်တွေ အားလုံးပေါ်လာပါမယ် Remember password မနှိပ်ထားတဲ့
အကောင့်တွေတော့မပေါ်ပါဘူး ပြီးနောက် Site  Username  ရဲ့အောက်မှာ ဝင်ထားတဲ့ ဆိုဒ်နာမည်သူငယ်ချင်းရဲ့ အကောင့်တွေ   ပေါ်လာပါမယ်သူငယ်ချင်းကြည့်ချင်တဲ့အကောင့် (သို့ မဟုတ် ) ဆိုဒ်တစ်ခုခုကို ကလစ်ပေးလိုက်ပါ ပြီးနောက်  Show Passwords ဆိုတဲ့ ဘောက်ကို ကလစ်ပေးလိုက်ပါ Confirm ဖိုင့်တစ်ခုတက်လာပါ မယ် အဲ့ဒီဖိုင့်ထဲမှာ yes ကိုနှိပ်လိုက်ပါ သူငယ်ချင်းရဲ့အကောင့်နဲ့  password ပေါ်လာပါပြီး အကောင့်ကိုယူချင်တာဖြစ်ဖြစ် Password ကိုcopy ယူချင်တာဖြစ်ဖြစ် ညာဘက်ကလစ်တစ်ချက်ပေးလိုက်ပါ 
Copy Username  နဲ့   Copy Password ဆိုတာနစ်ခုပေါ်လာပါမယ် သူငယ်ချင်းတို့  ယူချင်တဲ့ ဟာကို ကလစ်ပေးပြီး Copy ယူလိုက်ပါ


( ပုံ ၂ )  သူငယ်ချင်းတို့ ရဲ့  Password ပြန်ကြည့်နည်း 

( ပုံ ၃ ) password ပြန်ကြည့်ရန်

 Mozilla Firefox  ထဲက password ပြန်ကြည့်နည်းတော့ သိသွားပြီး  ဘယ်လို့ ကာကွယ်မလဲလွယ်ပါတယ်  ဆိုဒ်တစ်ခုခုဝင်ရင် Mozilla Firefox  ကRemember password ဆိုပြီးမေးလာရင် ကလစ်မပေးပဲ X ကိုနှိပ်လိုက်လည်းရပါတယ် (သို့ မဟုတ်) Remember password ဆိုတဲ့ ဘားရဲ့ဘေးမှာ မြှားတစ်ခုပါပါတယ် ကလစ်ပေးပြီး  Not Now ကို ကလစ်ပေးလိုက်ရင်ရပါပြီး 
Remember password ဆိုတဲ့ ဖိုင့်ကို ဘာမှာမနှိပ်လည်းရပါတယ်
အရင်က နှိပ်မိထားလို့  Security  ဖိုင့်ထဲမှာ ကိုယ်ရဲ့ အကောင့်တွေ ရှိနေသေးတယ်ဆိုရင် Remove All ကို ကလစ်ပေးလိုက်ပါ ပြီးရင်တော့ Close ပေးလိုက်ရင် သူငယ်ချင်းအကောင့်တွေ မကျန်းခဲ့တော့ပါဘူးဒီလောက်ဆိုရင် သူငယ်ချင်းတို့ နားလည်လောက်ပြီးထင်ပါတယ်မရှင်းသေးဘူးဆိုရင် ကော့မက်ဘောက်ထဲမှာ ပြောခဲ့ကြပါ 

ကျွန်တော် တက်နိုင်သလောက် ကူညီဖြေရှင်းပေးပါမယ် 
တစ်ခုတော့ရှိတယ်ဗျာ သူငယ်ချင်းတို့ အကောင့်မဟုတ်ပဲ တစ်ခြားသူအကောင့်များ အခုလို့ ရှိနေခဲ့ရင်  ဘာမှာမလုပ်ပဲ
Remove All ဆိုတာကို ကလစ်ပေးလိုက်ပါဗျာ သူငယ်ချင်းတို့ အတွက်လည်းအကျိုးမရှိပါဘူး ကျန်ခဲ့တဲ့သူအတွက် မကောင်းပါဘူး ဒီလောက်ဆို သဘောပေါက်လောက်ပြီးထင်ပါတယ် 

sandar sandar.com မှ အသင်းဝင်များအားလုံးပျော်ရွှင်ပါစေ
ဗဟုသုတ နည်းပညာတွေ မျှဝေပေးနိုင်ကြပါစေ  ။