ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Monday 20 January 2020

Wednesday 17 July 2013

photoshopနဲ့မီးတောက်စာလုံးတဇိုင်းလုပ်မယ်( Fire Text )

photoshopနဲ့မီးတောက်စာလုံးတဇိုင်းလုပ်မယ်( Fire Text )

 

မီးတောက်စာလုံးတဇိုင်းလုပ်ကြည့်ရအောင်ဗျာ အ၇င်ဆုံး ပုံတွင်ပြထားသည့်အတိုင်း photoshop cs3 ကိုဖွင့်ပြိးတော့ file>>ထဲကနေ မြှားပြထားသည် အတိုင်း  New ကိုနှိပ်လိုက်ပါ 

 

 

 

 

 

 

 

ပုံတွင်ပြထားသည့် အတိုင်း New ( box ) ကျလားရင် မြှားပြထားသည်အတိုင်း width >> ကို 20 , Height >> ကို 15, Resolution >>150 လို.ထားပြီးတော့ color Mode >> မှာ Grayscale လို.ထားပြီး ok ပေးလိုက်ပါ

 

 

 

 

 

 

 

 

 

 

 

 

 

မြှားပြထားတဲ့နေရာကို Right ckick နှိပ်ပြီးတော့ Paint Bucket Tool ယူပြီးတော့ စာ၇ွက်အဖြူပေါ်မှာ ကလစ်လိုက်ပါ (မှတ်ချက် စာ၇ွက်ကာမြှားပြထားတဲ့ နေ၇ာမှာ အဖြူ နဲ့အမဲပုံဖြစ်နေမယ် အဲ့ဒီနေ၇ာကနေ အမဲကိုယူ၇ပါမယ် အမဲယူ၇င် စာ၇ွက်ပေါ်မှာ Alt + Delet ကိုတွဲနှိပ်လိုက်ပါ စာ၇ွက်အမဲလေးပေါ်လားပါမယ်)

 




 

 

 

 

ပုံတွင်ပြထားသည့်အတိုင်း စာရေးပါတော့မယ် စာရေး တဲ့အခါမှာ ပုံမှာပြထားသည့်အတိုင်း Type Tool ကိုတစ်ချက်နှိပ်ပြီးတော့ စာရေးရပါမယ် စာရေးတဲ့အခါ ပုံမှာပြထားသည့်အတိုင်း ဥပမာ - မြန်မာလိုရေးရင် မြန်မာဖေါင့်ကိုေ၇ွး၇ပါမယ် အင်္ဂလိပ်လိုရေးရင် အင်္ဂလိပ်ဖေါင့်ကိုရွေးရပါမယ် ပြီးရင် စာလုံးအကြီးအသေးချိန်ရပါမယ် မြှားပြထားသည့်အတိုင်းလုပ်ကြည့်ပါ ။ကိုယ်စိတ်ကြိုက်စာရေးလို့ရပါပြီး

 

 

 

 

 

 

 

 

ပုံတွင် မြှားပြထားတဲ့ အတိုင်း  Image>> ထဲကနေ Rotate Canvas ထဲကနေ 90ံcw လို.ထားပါ။

 



 

 

 

 

 

 

ပုံတွင်ပြထားသည့် အတိုင်း Filter >>ထဲကနေ Stylize >> ကနေ မြှားပြထားသည့် အတိုင်း wind ကိုယူလိုက်ပါ။

 


 



ပုံမှာ ပြထားသည့် အတိုင်း ok နှိပ်ပါ ။

 

 

 

 

 

 

 

 

 

ပုံတွင်ပြထားသည့် အတိုင်း   box တစ်ခုကျလားရင် မြှားပြထားသည့်အတိုင်း Method>> wind ကိုနှိပ်ပါ ၊ Direction >> from the left ကို တစ်ချက်နှိပ်ပြီးတော့ 0k ပေးလိုက်ပါ

 

 



 

 

 

 

 

ပုံတွင်ပြထားသည့် အတိုင်း Filter >> ထဲကနေ wind ကိုနှိပ်ပါ နှစ်ခါလောက်လုပ်ရမယ်နော်

 

 

 

 

 

 

 

 

ပုံတွင်ပြထားသည့် အတိုင်း Image >>ထဲကနေ Rotate Canvas ထဲကနေ      90ံccw ပြန်ထားလိုက်ပါ။

 



 

 

 

 

 

 

 

ပုံတွင်ပြထားသည့် အတိုင်း Filter >> ကိုနှိပ်ပြီးတော့ Blur >>ထဲကနေ Gaussian blur ကိုယူလိုက်ပါ။

 



 

 

 

 

 

 

 

ပုံတွင်ပြထားသည့်အတိုင်း box တစ်ခုကျရင် ပုံမှာပြထားသည့် အတိုင်း Radius ကို 1. 5 ထားပြီးတော့ ok နှိပ်လိုက်ပါ။ 

 



 

 

 

 

 

 

 

ပုံမှာ ပြထားသည့်အတိုင်း Filter >>ကိုနှိပ်ပြီးတော့ Blur >>ထဲကနေMotion Blur ကိုယူလိုက်ပါ

 



 

 

 

 

 

 

ပုံမှာပြထားသည့် အတိုင်း box ကျလာ၇င် Angle ကို 75 လို.ထားလိုက်ပြီးတော့ Distance ကို 7 လို.ထားလိုက်ပါ ။

 

 


 

 

 

 

 

 

 

ပုံတွင်ပြထားည့် အတိုင်း Filter >> ကိုနှိပ်ပြီးတော့ Distort >>ကနေ Ripple ကိုယူလိုက်ပါ။

 

 




 

 

 

 

 

 

 

 

ပုံမှာ ပြထားသည့်အတိုင်း box ကျလား၇င်  Size > ကို Medium ကိုေ၇ွးပြီးတော့ Amount ကို 136 ထားပါ ပြီး၇င် ok နှိပ်လိုက်ပါ ။

 

 



 

 

 

 

 

 

 

ပုံတွင်ပြထားသည့်အတိုင်း Image >> ကိုနှိပ်ပြီးတော့ Mode >> ထဲကနေ Indexed Colcr ယူလိုက်ပါ

 

 



 

 

 

 

 

 

 

ပုံတွင်ပြထားသည့် အတိုင်း box တစ်ခုကျ၇င် ok နှိပ်လိုက်ပါ။

 

 


 

 

 

 

 

 

 

ပုံတွင်ပြထားသည့်အတိုင်း Image >> ကိုနှိပ်ပြီးတော့ Mode >> ထဲကနေ Color Table ကိုယူလိုက်ပါ။

 

 




 

 

 

 

ပုံတွင်ပြထားသည့်အတိုင်း box တခုကျလား၇င်  Table >> မှာ Black Body ကိုေ၇ွးပြီးတော့ ok နှိပ်လိုက်ပါ ။

 



 

 

 

 

 

 

 

 

ပြီးရင်တော့ ဒီပုံအတိုင်းရလားပါ လိမ့်မယ်

 

 

 

 

 

 

 

 

 

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ကျန်းမာ၇ွှင်လန်းနိုင်ပါစေ ။။



Tuesday 16 July 2013

သရက်သီးစားသုံးခြင်းအကျိုးကျေးဇူး

သရက်သီးစားသုံးခြင်းအကျိုးကျေးဇူး

 

 

အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့်
သရက်သီး၏ အင်္ဂလိပ်အမည်မှာ Mangoဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာ Mangifera L ဟုခေါ်တွင်ပြီး
မျိုးရင့် Anacardiaceae ထဲတွင်ပါဝင်ပါတယ်။သရက်သီးသည် အပူပိုင်းဒေသ...မှာ စိုက်ပျိုးဖြစ်ထွန်းသည့်
အသီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း ထောင်နှင့်ချီ ရှိပါတယ်။ သရက်သီးသည် တောင်အာရှနှင့်
အရှေ့တောင်အာရှ ဒေသများ ဖြစ်သည့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်
အစရှိတဲ့နိုင်ငံများတွင် မူလအစ ဖြစ်ထွန်းပြီး အမေရိကန် အလယ်ပိုင်း၊
တောင်ပိုင်းနှင့် အာရေဘီယံ၊ ပင်နီဆူလာ တို့တွင်လည်း စိုက်ပျိုးကြပါတယ်။

သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ ၀ ဒဿမ ၈၄ ဂရမ် ကာဘိုဟိုက်ဒရိတ် ၂၈ ဂရမ်၊
အဆီ ၀ ဒဿမ ၄၅ ဂရမ်၊ အမျှင် ၃ ဂရမ် ဗီတာမင်အေ ၆၄၂၅ အိုင်ယူ၊ ဗီတာမင်စီ ၄၅ ဒဿမ ၇ မီလီဂရမ်၊
မဂ္ဂနီစီယမ် ၁၈ မီလီဂရမ်၊ ပိုတက်စီယမ် ၃၀၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၂၀ ဂရမ်နဲ့
အနည်းလို အာဟာဓာတ်များ ဖြစ်သည့် မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အွန်ယွန်၊ ဆိုဒီယမ်နဲ့ ဖော့ဖရပ်စ်တို့ ပါဝင်ပါတယ်။
သရက်သီးမှာ အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး
တစ်နေ့တစ်လုံး မှန်မှန်စားသုံးပေးမည် ဆိုပါက ခန္ဓာကိုယ်အတွင်း ဖြစ်ပွားနိုင်သည့် နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ ဖြစ်ပွားစနိုင်မှုနှင့် သွေးအတွင်းရှိ ကိုလက်စထရော ကိုလည်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။
သရက်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ဗီတာမင်၊ သတ္တုဓါတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ကြွယ်ဝတဲ့အပြင်
အင်ဇိုင်းများ ပါဝင်တဲ့အတွက် အစာအိမ်မှာ အစာချေဖျက်ခြင်းကို တစ်စိတ်တစ်ပိုင်း တာဝန်ယူ ဆောင်ရွက်ပေးနေသည့်အတွက် အစာစားသုံး နေစဉ်နဲ့ အစာစားပြီးတိုင်း သရက်သီးကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။
သရက်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန် တိုးလိုသူများ အတွက် အကောင်းဆုံးဖြစ်သလို သရက်သီးမှာ ဖိနိုလစ်ကွန် ပေါင်းပါဝင်တဲ့ အတွက်လည်း အရွယ်တင်နုပျိုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သရက်သီးဟာ သံဓာတ်မြင့်မားတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သွေးအားနည်းရောဂါ ဝေဒနာရှင်များအတွက် ကောင်းသလို အရေပြားဆဲလ်များမှာ ချေးများပိတ်ဆို့နေခြင်းကို သရက်သီးက အကောင်းမွန်ဆုံး ဖယ်ရှားပေးနိုင်တယ်လို့လဲ ဆိုပါတယ်။ သရက်သီးမှာ ဗီတာမင်အီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်း ထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေးတယ်လို့ ဆိုပါတယ်။
အရည်အသွေးကောင်းမွန်သည့် သရက်သီး၏အရောင်ဟာ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး မှည့်သည့်အခါ အနံ့အလွန်မွှေးတဲ့အတွက် စားသုံးရာမှာလည်း အရသာရှိပြီး
ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရက်သီးကို စားသုံးကြဖို့တိုက်တွန်းလိုပါတယ်
သရက်သီးဟာ အရသာ ကောင်းမွန်ရုံတင် မဟုတ်ပါဘူး ကျန်းမာရေးကို ကောင်းကျိုး ပြုနိုင်တဲ့ ဓါတ်တွေလည်း များစွာ ပါဝင် နေပါတယ်။ ဆဲလ်များကို ပျက်စီးစေပြီး ကင်ဆာ၊ အရွယ် မတိုင်မီ အိုမင်း ရင့်ရော်ခြင်းနဲ့ နှလုံး ရောဂါ စတဲ့ ကျန်းမာရေး ပြဿနာ တွေကို ဖြစ်ပွား လာစေနိုင်တဲ့ ဖရီး ရာဒီကယ် များကို ထိန်းထားပေး နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင် ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင် ပါတယ်။
မျက်နှာမှာ ချွေးပေါက် ပိတ်လို့ ဝက်ခြံတွေ ဖြစ်ပြီး စိတ်ပျက် မနေပါနဲ့။ သရက်သီးကို ခပ်ပါးပါး လေးလှီးပြီး မျက်နှာပေါ် ကပ်ထားပေးပါ။ ဆယ်မိနစ်လောက် ထားပြီး ရေဆေးလိုက်ပါ။
အစာမကြေ ဖြစ်နေရင်လည်း သရက်သီးလောက် ဘယ်အရာကမှ မထိရောက်ပါဘူး။ သရက်သီးမှာ ပရိုတင်းတွေကို ဖြိုခွင်းပြီး အစာခြေ ဖျက်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင် တာကြောင့် ဖြစ်ပါတယ်။
ပိုတက်ဆီယမ်ဓါတ် ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုး ရောဂါကိုလည်း သက်သာ စေပါတယ်။ သရက်သီးတွင် ပါဝင်သော အစာချေ လွယ်သော အမျှင်ဓါတ်ဟာ သွေးတွင်း ကိုလက်စထရော ကိုလည်း ကျဆင်း စေပါတယ်။
ကိုယ်အလေးချိန် တက်ချင် နေပါသလား။ နေ့စဉ် သရက်သီးစားပေးပါ။ သရက်သီးမှာ ကစီဓါတ်လို ကယ်လိုရီများစွာ ပါဝင်တာကြောင့် စားသင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။
သရက်သီး စားပေးခြင်းဟာ ကျောက်ကပ် ကျောက်တည်မှု အန္တရာယ်ကို လျှော့ကျ စေနိုင်တယ်လို့ လေ့လာမှု တချို့မှာ ဖော်ပြ ထားပါတယ်။ တရုတ်ဆေး ပညာ အရဆိုရင် သရက်သီးဟာ အချိုဓါတ်၊ အချဉ်ဓါတ်ကို ပေးစွမ်းနိုင်တဲ့ အအေးဓါတ် ရှိတဲ့ သစ်သီးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားနည်း ရောဂါ၊ သွားဖုန်း သွေးယိုရောဂါ၊ ခေါင်းဆိုး၊ အဖျား တက်ခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊ ပင်လယ် လှိုင်းမူးခြင်း စတဲ့ ဝေဒနာ တွေကို ပျောက်ကင်း စေနိုင်တယ် လို့ ဆိုပါတယ်။

မကြာခဏ ခေါင်းကိုက်တတ်ပါသလား။

ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်
- တရေးတမောအိပ်လိုက်ပါ။ အချိန်အကြာကြီးမအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး အိပ်စက်လိုက်ရင် ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ်။
- အသက်ပြင်းပြင်းရှုပါ။ အသက်ဝအောင် ရှုသွင်းပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ ခေါင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။
- နှိပ်နယ်ပေးခြင်းဟာလည်း နာမည်ကျော်တဲ့ နည်းတစ်ခုပါပဲ။ နားထင်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။ နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။
- မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ စိတ်ဓါတ်ကိုလည်း ကြည်လင်တက်ကြွစေပါတယ်။ လာဗင်ဒါပန်း၊ ဆန္ဒကူးပန်း၊ သစ်ခွစတာတွေကနေ ထုတ်ယူထားတဲ့ အမွှေးဆီဟာ စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

Sunday 7 July 2013

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး






သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အ...သားအရေကို ကျန်းမာလှပစေပါတယ်
ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

(၂) အမြင်အာရုံကို ကောင်းစေပါတယ်
ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်
သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်
သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်
ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်
ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေပါတယ်
သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။

(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်
ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်။



ကျန်းမာ၇ွှင်လန်းနိုင်ပါစေ။   ။   ။

facebook မှ အ၀င်မေးလ်တွေ ပိတ်ထားရအောင်

facebook မှ အ၀င်မေးလ်တွေ ပိတ်ထားရအောင်

Gmail မှာ Facebook ကမေးလ်တွေ လက်မခံချင် ဘူးဆိုရင် အရင်ဆုံး ကိုယ်ရဲ. facebook အကောင့် 

ကိုဝင်ပါ။

 

ပုံထဲကအတိုင်း Account Settings ကိုသွားပါ။

Notifications ကိုသွားပါ။ ရောက်ရင် ကိုယ်မလိုချင် တဲ့ကဏ္ဍအလိုက် facebook မှ ပို့မယ့်မေးလ်တွေကို ပိတ်လို့ ရပါတယ်။ အကုန် မလိုချင်ရင်တော့ အမှန် ခြစ်လေးတွေ အကုန်ဖျက် ပေးလိုက်ပါ ၊

 
အကုန်ဖျက်မယ်ဆိုရင် အမှတ်တစ်ခုချင်းစီလိုက် ပြီးဖြုတ်နေမဲ့ အစား အပေါ်က စာအိတ်ပုံလေးကို ကလစ်ပေးလိုက်ပါ။ အားလုံးပီးရင် Save changes လုပ်ပေးပါ 

အားလုံးအဆင်ပြေပါစေ။

Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း…

Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း

Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း…

 


 ဖေ့ဘွတ်အကောင့်က 20လောက် နာမည်  အမျိုးမျိုးနဲ့ ဖွင့်ချင်နေလို့  ဒီနည်းလေးကို ပြောပြတာလောလောဆယ်အသုံး အလွန်တည့်ပါတယ် ။ သုံးချင်ရင်အောက်မှာ ပေးထားတဲ့ ဆော့ဝဲယူလိုက် ။လမ်းညွှန်
အတိုင်း အင်စတော လုပ်လိုက်ပါအဲ့ဆိုရင် Gtalk တွေ အများကြီး ပွားဖွင့်သလိုမော်ဇီလာကိုလည်း အလုံးများစွာပွား၍
အကောင့်များစွား တစ်ပြိုင်နက်သုံးလို့ ရပါပြီအသုံးလို တဲ့သူများ သုံးနိုင်ကြပါပြီ.....။


ပထမအဆင့် Download link ကို နှိပ်လိုက်ပါ - http://br.mozdev.org/multifox/ 

1 - ညာဘက် အပေါ်နားက အစိမ်းရောင်အကွက် install mulitifox ကိုနှိပ်ပါ

2 - Firefox က စာပေါ်လာလျှင် Allow ကိုနှိပ်ပါ

3 - Download ဆိုပြီး ပြည့်သွားလျှင် Install Now ကို ဆက်နှိပ်ပါ

4 - အင်စတောလုပ်ပီးလျှင် Firefox ကို  Restart လုပ်ပါ ( ပိတ်ပီး ပြန်ဖွင့်)

အဲ့ဆိုရင် Firefox တစ်ခုထဲမှာ အကောင့်တွေ အများကြီး ဖွင့်လို့ ရပါပြီ

File ကိုနှိပ်လိုက်ရင် New Identity Profile ကို နှိပ်ပါ .အများကြီးနှိပ် များကြီးရ

အကောင့်ဆယ်ခုရှိ ဆယ်ခုလုံး တစ်ခါထဲ ဖွင့်ထား လို့ ရနိုင်ပါတယ်.............။

 

Saturday 6 July 2013

photoshop နဲ့ကောင်မလေးကျောကို ဆေးမှင်ကြောင်ထိုးကြည့်မယ်

photoshop နဲ့ကောင်မလေးကျောကို ဆေးမှင်ကြောင်ထိုးကြည့်မယ်

 အခု သင်ခန်းစာက မိန်းကလေးတက်တူးမှမဟုတ်ပါဘူး .. တက်တူးထိုးနည်းသင်ပေးတာပါ ... နည်းစနစ်ကတော့တူတူပါပဲ .. ကိုယ့်ခန္ဓာမှာ  တက်တူးထိုးရင် ဘယ်လိုမျိုးဖြစ်သွားမလဲ .. စိတ်ကူးယဉ်ကြည့်လို့ရတာပေါ .. စကြရအောင် ... အခုတက်တူးထိုးမယ့် ကောင်မလေးပုံကို ဖွင့်လိုက်ပါမယ် ...

 



















ပြီးရင်တက်တူးပုံကိုလည်း ထပ်ဖွင့်ပါမယ် ..



















ပြီးရင် Ctrl+A နှိပ် ပြီး Ctrl+C ကိုနှိပ်လိုက်ပါ နဂါးပုံမှာလုပ်ရမှာပါ

  ပြီးရင် Ctrl+Tab ကိုနှိပ်လိုက်ပါမိန်းကလေးပုံကိုရောက်သွားပါလိမ်

  မယ် ... Ctrl + V နှိပ်လိုက်ပါ .. ဒါဆို . ခုလိုမျိုးဖြစ်လာပါမယ် ..



















နဂါးပုံ layer ကို ပဲ select ပေးပြီး Blend Mode မှာ Multiply လို့ပြင်လိုက်ပါ ..



 















ပြီးသွားရင်နဂါးပုံက ကြီးနေလို့..သေးပါမယ်.. 
Edit Menu / Free Transform ကိုရွေးလိုက်ပါ....သို့မဟုတ် Ctrl+T ကိုနှိပ်လိုက်ပါ .. ပြီးတော နဂါးပုံကိုသေးလိုက်မှာပေါ့နော်.
.( Alt+Mouse Wheel = Zoom In/out )






ပြီးသွားရင် အဆင်ပြေသလိုလှည့်လိုက်မှာပေါ့ .. 




















အဲ့ဒီ Ctrl+T ( Free Transform )၀င်နေတဲ့အချိန်မှာပဲ.. Right Click ထောက်ပြီး Warp ကိုရွေးပြီး .. လိုသလို ညှိပါ... ပုံက ပြန့်ကြီးတော့ ဘယ်အဆင်ပြေမလဲဗျာ .. ဒါကြောင့် နည်းနည်းရွဲ့ပေးရမှာပေါ့ ...







































  အဆင်ပြေသွားပြီး enter ခေါက်ပါ ဒါဆို Grid တွေပျောက် သွားမှာပေါ့  ....ဒါပေမယ့် ဒါက အကြမ်းဖျင်းပဲရှိ ပါသေး တယ် .. ပိုသေသပ်အောင် Liquify နဲ့ သေသေချာချာလုပ်ပါမယ် .. ကျောကုံးနေရာလေးတွေ က ဖောင်းနေရမှာမဟုတ်လား.. ဒါကြောင့် Liquify ကိုသုံးပါမယ် .. ( Liquify ဆိုတာ ပုံတွေကို လက်နဲ့တွန်းသလိုမျိုးလေး ဆွဲ့ဆန့်ဆွဲထုတ်လုပ်လို့ရတယ်ဗျ ။  
မျက်နှာအစိတ်အပိုင်းတွေ  ပြင်တဲ့နေရာမှာလည်း သုံးလေ့ရှိတယ်.. နှာခေါင်းလေးတွေ ကြီးအောင်တို့ .. မေးရိုးကားတာလေးတွေ သွယ်အောင်တို့ .. အဲ့လိုလည်းသုံးလေ့ရှိတယ် ... )ကဲ ဒါဆို အခု Liquify လုပ်ဖို့ .. Filter Menu / Liquify ကိုသွားပါမယ် ...
























ဒါဆို နောက်ထပ် ၀င်းဒိုးဘောက်စ်လေးထပ်ပေါ်လာမှာ
ပါ .. အောက်မှာပြထားတဲ့ setting လေးတွေ အတိုင်းလုပ်ရမှာပါ လက်တွန်းတဲ့ ပုံလေးေ၇ွးခဲ့တာက ... နဂါးပုံကို လက်နဲ့ တွန်းပြီး  လူအရေပြားပေါ်မှာ ကပ်နေတဲ့ ပုံစံဖြစ်အောင် ဖန်တီးမလို့ပါ..


 























show backdrop မှာ on ပြီး Background ပြောင်းတာက show back drop ဖြုတ်ထားရင် .. ကိုယ် select ပေးထားတဲ့ layer (နဂါးပုံပဲမြင် ရတော့) ဘယ်လိုမှ အဆင်ပြေမှာမဟုတ်လို့ On ထားတာပါ
Background ပေးထားတာကတော့ .. Background ဖြစ်တဲ့ မိန်းကလေးပုံကို မြင်ပဲမြင်ချင်တယ် လက်နဲ့ တွန်းရင် မပါချင်လို့ .. Background လို့ပေးထားတာပါ...( လုပ်ရင်းနားလည်သွားပါ လိမ့် မယ် ၊ ထပ်သိချင်စမ်းကြည့်ပါ )



  













အခုအောက်ကပုံဆိုရင် နည်းနည်းရွဲ့သွားပါပြီ .. ကျွန်တော် လုပ်ထည့်  လိုက်လို့ .. Brush Size ကို လိုသလိုသုံးသွားပါတယ် .. Brush Size ကြီးရင် .. ကိုယ်တွန်းတဲ့နေရာ  ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပြီး .. နေရာကျဉ်းကျဥ်းလေးတွေ ကြားထဲ တွန်းမယ်ဆိုရင်တော့ Brush Size သေးသေးနဲ့ လုပ်ရမှာပေါ့ ...





အခုလိုမျိုးလေး  ကြည့်ကောင်းလာပြီဆို OK နှိပ်ပြီးထွက်လိုက်ပါ ... မလိုတဲ့နေရာလေးတွေကို Eraser Tool နဲ့ဖျက်ပါတော့မယ် .. setting လေးကအောက်ကအတိုင်းပေါ့ ... 










နောက်ဆုံးဖျက်ပြီးသွားရင် Opacity ကို လည်း အဆင်ပြေသလိုလျှော့လိုက်ပါ ..ကျွန်တော်ကတော့ 70 Final Result လေးပါ ... အဆင်ပြေကြပါစေ ... ထားလိုက်ပါတယ် ဆေးမင်ကြောင်က အရမ်းထင်းနေရင် မတူပဲ နေပါလိမ့်မယ် .. နည်းနည်းတော့ လျှော့ပေါ့ဗျာ .. ဒါဆို အောက်ကပုံလေးလို ရလာပါမယ် .. 

.



 အခုလို. လာေ၇ာက်လည်ပတ်သူ အားလုံးကျန်းမာ၇ွှင်လန်းနိုင်ကျပါစေ။