ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Friday 9 November 2012

မြတ်နိုးခြင်း

မြတ်နိုးခြင်း
 
သူမရဲ့ မျက်ဝန်းအလှတွေဟာ
ကျွန်တော့်ကို ဒူးထောက်လှဲကျစေခဲတာ
ကျွန်တော်…..မြတ်မြတ်နိုးနိုး သူမကိုချစ်ပါတယ်။
သူမ ၀မ်းနည်းနေတဲ့အခါ နှစ်…သိမ့်ပေးဖို့
ကျွန်တော့်….. မေတ္တာတွေ
လုံလုံလောက်လောက်ရှိပါတယ်။
ဒါပေမယ့်…..
ကျွန်တော့်ရဲ့ ချစ်ခြင်းက
သူမအတွက်…နားထောင်လို့မရအောင်
ကီးကြောင်နေတယ်ထင်ပါရဲ့…..
နာကျင်မှုဟာ
ဒီတောတန်းက မှိုတွေအလားပဲ။
နှလုံးသားဟာ
သစ္စာတွေ ပရပွ နဲ့
လောင်ကျွှမ်းနေတာတောင်
သူမ မြင်နိုင်ဖို့ ရောင်နီမသန်းသေးဘူး။
ဒီလိုနဲ့…..
ခရမ်းရောင်ရင်ဘတ်နဲ့ လေတံခွန်က ကြိုးမဆုံးသေးဘူး…..
တိမ်ဖြူလွှလွှလေး တစ်နေရာရွှေ့နှင့်ပြီ။
ပြက္ခဒိန်တွေ
တစ်ထပ်ပြီးတစ်ထပ် အရေခွံလဲလို့ကောင်းတုန်း…..
ကျွန်တော့် ရှုခင်းမှာ
သူ့ ပုံရိပ်တွေချည်း ဝေေ၀ဆာဆာပွင့်နေကြလေရဲ့…..
အရိုးရှင်းဆုံးကဗျာတစ်ပုဒ်ကို
အိပ်မက်ထဲအထိ လွမ်းရသလိုမျိုး
သူ့ကို လွမ်းခဲ့ဖူးပြီ…..
မြက်ခင်းလေးတွေ စိမ်းလန်းခွင့်မရခဲ့တာကိုက
ကံကြမ္မာ ပါပဲ။
ဖြစ်နိုင်ရင်…..
ဖြစ်နိုင်ခဲ့ရင်….
ကံကြမ္မာ ရဲ့ အဆုံးမှာ
တို့နှစ်ယောက် ဘ၀တွေ လှလှပပ
နိဂုံးချုပ်နိုင်ကောင်းပါရဲ့………
…..။

ချစ်သူဆီသို့ တမ်းတရင်း.......

No comments:

Post a Comment

zawko95@gmail.com