ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Tuesday 23 October 2012

ချစ်သူ သိစေ

 ချစ်သူ သိစေ



 ကော်ဖီခါးခါး သောက်တတ်တဲ့ ကောင်မလေးက
 အချိုတွေမကြိုက်တဲ့ ကောင်လေးကို လွမ်းတယ်

 ပေါ့ကျ သောက်လေ့ရှိတဲ့ ကောင်မလေးက
 ပေါ့ဆိမ့် အမြဲသောက်တတ်တဲ့ ကောင်လေးကို လွမ်းတယ်

 ကလေးဆန်ပြီး ဟန်ဆောင်စိတ်ကောက်ပြတတ်တဲ့ ကောင်မလေးက
 လူကြီးဟန်ဆောင်ပြီး အမြဲပြန်ချော့တတ်တဲ့ ကောင်လေးကို လွမ်းတယ်

 ဖုန်း Silent ပေးပြီး ဖုန်းခေါ်သံ အတော်များများကို မကြားခဲ့တဲ့ ကောင်မလေးက
 စိုးရိမ်စိတ်နဲ့ အမြဲတမ်းဖုန်းခေါ်လေ့ရှိတဲ့ ကောင်လေးကို လွမ်းတယ်

 စိတ်ဆိုးတိုင်း အဆက်အသွယ်မလုပ်တော့တဲ့ ကောင်မလေးက
 သူကစပြီး ပြန်မတောင်းပန်တတ်တဲ့ ကောင်လေးကို လွမ်းတယ်

 ညဥ့်နက်ခံပြီး အပြန်အလှန် မက်ဆေ့ခ်ျတွေပို့ရင်းက
 နှစ်နှစ်ခြိုက်ခြိုက်အိမ်မောကျသွားလေ့ရှိတဲ့ ကောင်မလေး ကလေ
 တညလုံးမအိပ်ပဲ ထိုင်စောင့်လေ့ရှိတဲ့ ကောင်လေးကို တကယ်ကို လွမ်းနေပါတယ်


No comments:

Post a Comment

zawko95@gmail.com