ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Tuesday, 23 October 2012

G-Mail မှ Free SMS ပို့ချင်သူများအတွက်

G-Mail မှ Free SMS ပို့ချင်သူများအတွက်

 အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လိုရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပိုချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပိုယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် အောက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။ အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 

 ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။

 ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..

 ပြီးရင်အောက်ကပုံမှာ ပြထားတဲ့အတိုင်း Save Changes ပေးလိုက်ပါ .. 

 ဒါဆိုရင်တော့ SMS ပို့လို့ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် ..  မိမိတိုပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..

အောက်က အဆင့်မှာ Contact name မှာ မိမိတို့စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

ချစ်သူ သိစေ

 ချစ်သူ သိစေ



 ကော်ဖီခါးခါး သောက်တတ်တဲ့ ကောင်မလေးက
 အချိုတွေမကြိုက်တဲ့ ကောင်လေးကို လွမ်းတယ်

 ပေါ့ကျ သောက်လေ့ရှိတဲ့ ကောင်မလေးက
 ပေါ့ဆိမ့် အမြဲသောက်တတ်တဲ့ ကောင်လေးကို လွမ်းတယ်

 ကလေးဆန်ပြီး ဟန်ဆောင်စိတ်ကောက်ပြတတ်တဲ့ ကောင်မလေးက
 လူကြီးဟန်ဆောင်ပြီး အမြဲပြန်ချော့တတ်တဲ့ ကောင်လေးကို လွမ်းတယ်

 ဖုန်း Silent ပေးပြီး ဖုန်းခေါ်သံ အတော်များများကို မကြားခဲ့တဲ့ ကောင်မလေးက
 စိုးရိမ်စိတ်နဲ့ အမြဲတမ်းဖုန်းခေါ်လေ့ရှိတဲ့ ကောင်လေးကို လွမ်းတယ်

 စိတ်ဆိုးတိုင်း အဆက်အသွယ်မလုပ်တော့တဲ့ ကောင်မလေးက
 သူကစပြီး ပြန်မတောင်းပန်တတ်တဲ့ ကောင်လေးကို လွမ်းတယ်

 ညဥ့်နက်ခံပြီး အပြန်အလှန် မက်ဆေ့ခ်ျတွေပို့ရင်းက
 နှစ်နှစ်ခြိုက်ခြိုက်အိမ်မောကျသွားလေ့ရှိတဲ့ ကောင်မလေး ကလေ
 တညလုံးမအိပ်ပဲ ထိုင်စောင့်လေ့ရှိတဲ့ ကောင်လေးကို တကယ်ကို လွမ်းနေပါတယ်


Monday, 22 October 2012

အစာအိမ်နာနှင့် စပ်မိစပ်ရာ

အစာအိမ်နာနှင့် စပ်မိစပ်ရာ


အစာအိမ်နာနဲ့ပတ်သတ်ပြီး ရှေးရိုး အစဉ်အဆက်က သိထားနှင့်ပြီးသားအချက်တွေရှိပေမယ့် ဆေးဘက်ဆိုင်ရာ အတွေးအမြင်သစ်တွေကို ဖတ်မိတဲ့အခါ စိတ်ဝင်စားစရာမို့ စပ်မိစပ်ရာလေးတွေ ရေးဖြစ်ခဲ့ပါတယ်

အစာအိမ်နာ နှင့် စိတ်ဖိစီးမှူ

စိတ်ဖိစီးမှူဟာ ရောဂါ အတော်များများကို ဖြစ်စေတယ်လို့ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ယူဆခဲ့ကြပါတယ်။ San Francisco

မှာရှိတဲ့ California တက္ကသိုလ် အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာ ဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ mathy က စိတ်ဖိစီးမှုဟာ ကျန်းမာရေးစနစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ပေမယ့် အစာအိမ်နာ ဖြစ်စေဖို့ ဒါမှမဟုတ် ပျောက်ကင်းစေဖို့ကိုတော့ သိပ်မစွမ်း ဆောင်နိုင်လှပါဘူးလို့ ဆိုပါတယ်။

လက်ရှိယူဆချက်များအရ စိတ်ဖိစီးမှုဟာ အစာအိမ်နာရှိနေပြီးတဲ့ ဝေဒနာသည်တွေကို ရောဂါအခြေအနေကို ပိုဆိုးစေတာကြောင့် အစာအိမ်နာ ရှိသူတွေမှာ စိတ်ဖိစီးတဲ့အခါ ဝေဒနာပိုမိုခံစားရတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ပါးအောင် စွမ်းဆောင်နိုင်မှုဟာကျန်းမာရေး ကို အနည်းနဲ့အများ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

အစာအိမ်နာနှင့် အပူအစပ်စာ

အပူအစပ်တွေစားပြီးတဲ့အခါ ရင်ပူ၊ ရင်ခေါင်းအောင့်တတ်တဲ့ အတွေ့အကြုံတွေ ရှိပေမယ့်လည်း spice ကို capsaicin ဆိုတဲ့ငရုတ်ကောင်း တစ်မျိုးမှရတဲ့ ဓာတ်တမျိုးမှတဆင့် ထုတ်လုပ်ထားတာ ဖြစ်ပြီး အဲဒီငရုတ်ကောင်းဟာ အစာအိမ်နာကိုမဖြစ် စေပါဘူး။ ဒေါက်တာ Mathy ကတော့ တချို့သောအစားအစာတွေဟာ အစာအိမ်နာ မဖြစ်စေ ပေမယ့် အစာအိမ်နာရှိနေတဲ့သူကို ဝေဒနာပိုဆိုးအောင်စွမ်းဆောင်နိုင်တယ် လို့ ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့

သုတေသနတစ်ခုအရ capsaicin ပါဝင်မှုနည်းတဲ့ တရုတ် အစားအစာကို စားသုံးသူတွေမှာ အိန္တိယ၊ မလေးအစားအစာ စတဲ့ အပူအစပ်စာ စားတဲ့သူတွေထက် အစာအိမ်နာဖြစ်ပွားမှုသုံးဆ ပိုတာကို တွေ့ရတာပါဘဲ။ သုတေသီတွေကတော့ capsaicin ဟာ အစာအိမ်မှာရှိတဲ့ အာရုံကြောတွေ ကို လှုံ့ဆော်ပြီး အစာအိမ်နာကို ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းများ ထုတ်ပေးတယ်လို့ ယူဆကြပါတယ်။

အခြားသုတေသနအရ capsaicin အစာအိမ်မှာရှိတဲ့ အက်ဆစ် ပမာဏကို ပြောင်းလဲစေပြီး အစာအိမ်နာကို ဖြစ်စေတဲ့ Helicobacter pylori ကို သေစေတယ်လို့လည်း ယူဆကြပြန်ပါတယ်။

အစာအိမ်နာနှင့် နွားနို့သောက်သုံးမှု

အပူအစပ်တွေဟာ အစာအိမ်နာဖြစ်တယ်လို့ လူအတော်များများယုံကြည်ကြ သလိုပဲ နွားနို့သောက်ခြင်းဟာလည်း အစာအိမ်နာကို ပျောက်ကင်းစေ တယ်လို့ ယူဆတာတွေရှိပါတယ်။ အခုနောက်ဆုံး အယူအဆကတော့ နွားနို့ဟာ အစာအိမ်နာကို ပျောက်ကင်းစေတာ မဟုတ်ပဲ သက်သာရုံ သက်သာ စေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဒေါက်တာ Mathy က နွားနို့သောက်သုံးခြင်းဟာ အစာအိမ်ကို တံတိုင်း တစ်ခုလို အလွှာတစ်ထပ်နဲ့ ကာရံပေးပေမယ့်လည်း အစာအိမ်နာကို ပျောက်ကင်းအောင်တော့ မစွမ်းဆောင်နိုင်ပါဘူးလို့ ဆိုထားပါတယ်။

အဲဒီအပြင် Los Angeles, California တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Weinstein ကလည်း လူဦးရေရဲ့ ၆၅%ဟာ lactose နဲ့ မတည့်တတ်ကြပြီး အဲဒီလိုဓာတ်မတည့်ခြင်းဟာ အသက်ရလာတာနဲ့အမျှ များလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစာအိမ်နာကို ပျောက်ကင်းအောင် နွားနို့ သက်သက်ချည်း သောက်သုံးတာဟာ သင့်လျော်တဲ့နည်းလမ်း မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

အစာအိမ်နာနှင့် အကျိုးပြုဘက်တီးရီးယား

ဒေါက်တာ Mathy ရဲ့ ရှင်းလင်းချက်အရ ခန္ဓာကိုယ်တွင်းရှိ အချို့သော

အကျိုးပြုဘက်တီးရီးယားများဟာ လေထခြင်း၊ လေပွခြင်းတို့ကို သက်သာ စေတယ်ဆိုပါတယ်။ ဒါပေမယ့် အဲဒီဘက်တီးရီးယားတွေဟာ အစာအိမ်နာကို

ပျောက်ကင်းစေဖို့အထိတော့ ကြာရှည်မနေနိုင်ကြဘူးလို့ ဆိုပါတယ်။

အစာအိမ်နာနှင့် အရက်၊ အစာအိမ်နာနှင့် caffeine ဓာတ်

အရက်သေစာကို အလွန်အကျွံသောက်ခြင်းကလည်း အစာအိမ်နာ ဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံ သောက်ခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါတယ်။

Caffeine ဓာတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှု ပမာဏကို များပြား စေတာကြောင့် caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြဿနာဖြစ်ပွားနိုင်တာမို့ အလွန် အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။

အစာအိမ်နာနှင့် ဆေးလိပ်

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှုဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်များအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှုကို ပြောင်းလဲစေပြီး အစာအိမ်ယောင်ယမ်းမှုကို ဖြစ်စေတယ်လို့သိရပါတယ်။ ထို့အပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး အနာကျက်မှုကိုလည်းနှောင့်နှေးစေပါတယ်။

everyday health;

ညီမလေး sandar အတွတ်

ချစ်သူသိစေဖို့

ချစ်သူသိစေဖို့
အတိုင်းအတာတွေကြားမှာ
မိုင်တိုင်တွေကို ချယ်လှယ်ခွင့်ရမယ်ဆိုရင်
တထပ်တည်းမကျတဲ့ မင်းနဲ့ငါ ရဲ့ GPS အတွက်
ခြေလှမ်းတိုင်းကိုတော့အကွာအဝေး
ဘယ်ညာ အတူလှမ်းခွင့်ပေးချင်တယ် ချစ်သူ

မတူညီတဲ့ အချိန်နာရီတွေကြားမှာ
နေ့စွဲတွေကို ကန့်သတ်ခွင့်ရမယ်ဆိုရင်
လွမ်းခဲ့ရတဲ့ စက္ကန့်တွေတိုင်းကိုစုပေါင်း
နောက်ထပ် မလွမ်းရစေကြောင်း ဆုတောင်းလို့
နေ့ရက်တိုင်းကို အတူတူဖြတ်သန်းခွင့်ရချင်တယ် ချစ်သူ

မောနင်း နဲ့ ဂွတ်နိုက် ကြားမှာ
အက္ခရာတွေ ပြန်စီလို့ရမယ်ဆိုရင်
U & I ကို ဘေးချင်းကပ်
တစ်နေ့တာတိုင်းအတွက်
လက်တွဲပေးထားချင်တယ် ချစ်သူ

 မတည်မြဲနိုင်တဲ့ လောက သဘာဝမှာ
မဖြစ်နိုင်(သေး)တဲ့အရာတွေ အတွက်
စိတ်ကူးနဲ့ ရူးပိုင်ခွင့် ရှိတာမို့
ခဏလေးပဲဖြစ်ဖြစ် စိတ်ကြည်နူးရမယ်ဆိုရင်
 ဟုတ်ကဲ့ ကျွန်မ ရူးနေချင်တယ် ချစ်သူ





အလွမ်းတွေနဲ. ဖြတ်ကျော်ကြမယ်လေ


 အလွမ်းတွေနဲ. ဖြတ်ကျော်ကြမယ်လေ

ဝေးခြင်းနီးခြင်းက အဓိကမှမဟုတ်တာ...
နှလုံးသားချင်းနီးနေဖို့ပဲလိုတယ်..
 Loving heart
…..*..lovelovelo…*
…*..lovelovelove….*
..*.lovelovelovelove…*…………
….*….*
.*..lovelovelovelovelo…*……
…*..lovel….*
...*..lovelovelovelovelove…*….*…lovelovelo.*
*.. lovelovelovelovelove…*….*…
lovelovelo.*
.*..lovelovelovelovelove…*
..*…lovelovelo…*
..*…lovelovelovelovelove..
*…lovelovelo…*
…*….lovelovelolovelovelove
lovelovelo…*
…..*….lovelovelovelovelove
lovelov…*
……..*….lovelovelovelovelov
elo…*
………..*….lovelovelovelove…*
……………*…lovelovelo….*
………………*..lovelo…*
…………………*…..*
………………….*

G-talk နဲ့Mobile ဖုန်းခေါ်မယ် .......


G-talk နဲ့Mobile ဖုန်းခေါ်မယ် .......
 

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါဗျာ ...

စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူးဗျာ ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1

အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။

တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။

အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။

Call back system သုံးဘူးတဲ့သူဆို သိပါတယ်။

ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။

ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။

လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။

မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။

facebook မှကူးယူတင်ပြပါသည်