ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Friday 9 November 2012

တမ်းတခြင်း

တမ်းတမိခြင်း
 
 
 
ချစ်သူ..
ငါ့နား မင်းမရှိတဲ့အခိုက်မှာ
နေ့တွေက ဗလာ
ညတွေက ရှည်ကြာနဲ့
အထီးကျန်ဆန်လွန်းပါတယ်ကွာ......
.

အချစ်နဲ့ပတ်သတ်ပြီး ခံစားချက်မဲ့တဲ့ငါဟာ
အခုတော့ မင်းစကား မင်းပုံရိပ်တွေနဲ့
စိတ်ကူးယဉ် ကမ္ဘာထဲမှာ
ချာချာလည်လို့နေပေါ့...........

စိတ်ကူးတွေနဲ့ ရှင်သန်လို့
တို့နှစ်ယောက်ရဲ့ အိမ်မတ်ကမ္ဘာလေးဆီ
မင်းကို ခေါ်ဆောင်သွားခွင့်ပြုပါ
ချစ်သူ........

ကံကြမ္မာစေစားလို့ ကို့ဘ၀ပြောင်းချင်ပြောင်းသွားလိ
မ့်မယ်
မင်းအပေါ်ထားတဲ့ ကို့အချစ်တွေ
ထာဝရမပြောင်းလဲပါဘူး.........

ချစ်သူရေ ဘ၀ခရီးကတော့
ထင်သလောက် မလွယ်ကူးနိုင်မှန်းသိပါတယ်
တို့နှစ်ယောက်အချစ်တွေနဲ့
ကိုယ့်လမ်းကိုယ်ဖောက်ကြတာပေါ့
ဒီအချိန်မှာ မင်းက ကိုယ့်ရဲ့လမ်းပြကြယ်လေးလို
ကို့ကို အလင်းရောင်ဆောင်ကြည်းပေးပါ.....
.....

မင်းလိုအပ်ချိန်မှာ ငါ့မင်းနားရှိနေသလို
ငါလိုအိပ်တဲ့ချိန်မှာ ငါ့နားမင်းရှိနေပေးပါ
ငါချစ်သလောက်သာငါကိုပြန်ချစ်ပါ
မင်းကိုထာဝရအတွက်
ကြင်နာယုယ ပွေဖက်သွားပါမယ်.....

ဘယ်သောအရာကမှာ မင်းအပေါ်ထားတဲ့ငါ့ရဲ့ချစ်တွေကို
ပြောင်းလဲမပြစ်နိုင်ပါဘူး
ချစ်သူရယ်.....................
.......................
ချစ်သူနှစ်ဦး ပျော်၇ွှင်ချမ်းမြေ့ပါစေ။

No comments:

Post a Comment

zawko95@gmail.com