ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Showing posts with label ဗဟုသုတ မျှဝေ. Show all posts
Showing posts with label ဗဟုသုတ မျှဝေ. Show all posts

Saturday 10 November 2012

ယောကျာင်္းလေးတွေရဲ့ အချစ်စစ်

ယောကျာင်္းလေးတွေရဲ့ အချစ်စစ်

 

 

မဖတ်ဘူးသေးတဲ့သူတွေအတွက် မျှဝေလိုက်တာပါ။။။။။
ယောကျာင်္းလေးတွေရဲ့စိတ်ထဲ အဲလိုဖြစ်နေရင် အချစ်စစ်တဲ့ ယောကျာင်္းလေးတိုင်း ဟုတ်မဟုတ်တော့မသိ နော် စမ်းစစ်ကြည့်ကြပေါ့နော်
(1) Guys may be flirting around all day, but before they go to sleep,
they always think about the girl they truly care about.
ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက်တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ……
(2) Guys are more emotional then you think. If they loved you once,
it’ll take them a lot longer then you think to let go in their head,
and it hurts every second that they try.
ယောက်ျားလေးတွေက ကောင်မလေးတွေထင်ထားတာထက် ပိုပြီးစိတ်ခံစာံးလွယ်ပါတယ်..သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက်
ပိုပြီးအချိန်ပိုကြာတတ်ပါတယ်… Second တိုင်းအမျှ ခံစားရတတ် ပါတယ်…
(3) Guys go crazy over a girl’s smile.
သူတို့ဟာ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..
(4) A guy who likes you wants to be the only guy you talk to.
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..
(5) If a guy tells you about his problems, he just needs someone to listen to him. You don’t need to give advice.
သူတို့မှာရှိနေတဲ့ ပြသနာကိုပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့
သဘောပါပဲ.. အကြံတောင်းနေတာ မဟုတ်ကြဘူး.. တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ............

(6) A usual act that proves that the guy likes you is when he teases you.
ပုံမှန်ပြောဆို စနောက်နေချင်းဟာလည်း ကောင်လေး ဘယ်လောက် ချစ်ကြောင်းသက်သေ တစ်ခုပါပဲ..
(7) Guys love you more than you love them !!!
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..
(8) Guys use words like hot or cute to describe girls. They rarely use
beautiful or gorgeous. If a guy uses that, he loves you or likes you a
whole heck of a lot.
သူတို့ ကောင်မလေးတွေကို မိုက်တယ်.ချစ်စရာကောင်းတယ် လို့ပဲပြောတတ်ကြပါတယ်.. အဲ.. လှတယ် မဟာဆန်တယ်ဆိုရင်တော့
သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..
(9) If the guy does something stupid in front of the girl, he will
think about it for the next couple days or until the next time he
spends time with the girl.
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင်သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်.. မဟုတ်ရင်တော့ နောက်တစ်ကြိမ် ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..
(10) If a guy looks unusually calm and laid back, he’s probably faking it and he’s really thinking on something.
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့ သူတို့စိတ်ထဲမှာ တစ်ခုခုတွေးနေတာပဲဖြစ်ပါတယ်..
(11) When a guy says he is going crazy about the girl, he really is. Guys rarely say that.
သူတို့ကောင်မလေးတစ်ယောက်ကြောင့်ရူးနေရပြီဆိုရင်သူတို့အမှန်တကယ် ပြောနေခြင်းသာဖြစ်ပါတယ်.. ပြောခဲတဲ့စကားလေးပါ..
(12) When a guy asks you to leave him alone, he’s just actually saying, “Please come and listen to me.”
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့
ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..
(13) If a guy starts to talk seriously, listen to him. It doesn’t
happen that often, so when it does, you know something’s up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..
(14) When a guy looks at you for longer than a second, he’s definitely thinking something.
တစ်second ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာတွေးနေလို့ပဲဖြစ်ပါတယ်..
(15) Guys really think that girls are strange and have unpredictable decisions and are MAD or confusing, but somehow are drawn even more to them.
(ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာကောင်မလေးတွေ :) အကြောင်းကိုပိုတွေးတတ် ကြပြီး သူတို့အာရုံမှာ မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..
(16) No guy can handle all his problems on his own; he’s just too stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး.. သူတို့ဝန်ခံဖို့ မရဲတာသာဖြစ်ပါတယ်..
(17) When a guy sacrifices his sleep and helth just to talk to you, He really likes you and wants to be with you as much as possible……..
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့
သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..
(18) Even if you dumped a guy months ago and he loved you, he probably still does and if he had one wish it would be for you to come back into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့်ဆုတောင်း တာတစ်ခုရရှိမယ်ဆိုရင် အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..တစ်ဘ၀မှာတစ်ခါလောက်တော့ ရင်ထဲက ခံစားချက် အစစ်အမှန်လေးနဲ့ လွတ်လပ်စွာ ပျံသန်းကြည့်ပါရစေ
................ :)
ပျော်၇ွှင်ချမ်းမြေ့ကြပါစေ။

Saturday 27 October 2012

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....

 

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက်နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင်ယောက်ျား ရှာဖွေရသော ဥစ္စာပစ္စည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။


၎။ လင်ယောက်ျား နောက်မှ အိပ်လေ့ရှိခြင်း..။


၅။ လင်ယောက်ျား ၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။


၆။ လင့်ယောက်ျား အာဏာကို မဖီဆန် လင်ယောက်ျား ၏အလိုသို့လိုက်၍ ပြုရခြင်း..။


၇။ လင်ယောက်ျား အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။


၈။ အပူအချမ်းတို့ လျော်စွာ လင်ယောက်ျား အား ဝတ်ဆင်ပေးရခြင်း..။


(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”


၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ
်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။


၃။ အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း လင်ယောက်ျား အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။


၎။ ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။


၅။ အိပ်သောအခါလင်ယောက်ျား ကို မွေ့ လျှော်စေတတ်ခြင်း..။


၆။ အရောင်အဆင်းပြုပြင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။


၇။ အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။


ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။
FW:Facebook

၇ုပ်လှစ၇ာမလို အနေလှဖို.သာလို

၇ုပ်လှစ၇ာမလို အနေလှဖို.သာလို

 မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် 

 ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စာရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့စိတ်သဘောထားနဲ့

 မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊
စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို
မစွန့်လွတ်သရွေ.ဘယ်သူကမှကိုယ့်တက်လှမ်းကိုတားဆီးပိတ်ပင်နိုင်မှာမဟုတ်ဘူး။ 
တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို.ကမိန်းကလေးတွေဟာ"ရေ"ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ငြင်သာသတဲ့။မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာတက်မဖြစ်တယ်။အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာရူခင်းဖြစ်တယ်။ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
မိန်းမကောင်းဆိုတိုင်းရုပ်ရှည်လှပနေမှမဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့်
စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကိုဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်ခါတိုင်ရင်ကိုကော့ ခေါင်းကိုမော့ပြီးအပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာအလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှအဲဒီပန်းဖူးပွင့်ဖိုမငြင်းဆန်တတ်ကြဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ လက္ခဏာတွေနဲ့ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကိုကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။
ပိုနှစ်လိုစေတယ်။ကိုယ့်ကိုယ်တိုင်ကိုချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊  သက်ရှိအားလုံး လောကမှာချစ်လို့ရတဲ့အရာတွေကိုချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့အရိပ်တွေကိုတွေ့နိုင်တယ်။လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကိုဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကိုကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက
မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကိုအောင်နိုင်ရယူသူတွေဖြစ်တယ်။
မွေးဖွားရာဒေသကိုကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့
မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင်ဖမ်းဆုပ်နိုင်ပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။
ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။ 
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ငြင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄)ရမ္မက်လောဘကင်းရှင်းတဲ့မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီးဆွဲဆောင်မှုနဲ့ ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။
မူရင်း-- google search or 女人可以生得不漂亮,但是一定要活得漂亮
နိုင်းနိုင်းစနေ ဘာသာပြန်သည်။