ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Saturday, 27 October 2012

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း

                   Mozilla Firefox သုံးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးခြင်း  ဖြစ်ပါတယ်ခင်ဗျာ
မထင်ထားတဲ့ နေရာတစ်ခုမှာ သူငယ်ချင်းတို့  password တွေ ကျန်နေခဲ့တက်ပါတယ်  သတိမထားမိလိုက်ခြင်းကြောင့်လည်းဖြစ် တက်ပါတယ် ဘယ်လို့ကြောင့် မိမိ password တွေMozilla Firefox
ထဲမှာ ကျန်ရှိနေတာလဲဆိုရင်    ဆိုဒ်တစ်ခုခု ဝင်ဖြစ်ခဲ့ရင်
Mozilla Firefox မှာ Remember password ဆိုပြီးဖိုင့်တစ်ခုတက် လာပြီး မေးပါတယ် Remember password ကိုမနှိပ်ရင်တော့ ဘာမှာမဖြစ်ပါဘူး နှိပ်လိုက်၇င်တော့ Security ထဲကိုရောက်သွားပြီး
သူငယ်ချင်းရဲ့အကောင့်နဲ့  password ကိုမှတ်ပြီးသာဖြစ်သွားပါမယ်
အဲ့လို့ တွေ မကျန်ခဲ့အောင် ဘယ်လို့ ကာကွယ်မလဲ ဘယ်လို့ လုပ်ကြ မလဲ ဆိုရင် လွယ်လွယ်လေးပါပဲ  ကျွန်တော်ရှင်းပြထားတဲ့ နည်းလေး အတိုင်း ဖြေရှင်းပေးလိုက်ပါ
အဆင်ပြေပါပြီး

( ပုံ ၁ )   ဆိုဒ်တွေဝင်ရင် Remember password လုပ်မှာလားလို့   မေးသော ပုံ 

 Mozilla Firefox  ထဲမှာ Tools ကိုကလစ်လိုက်ပါပြီးရင် Options ကိုထက်ပြီးကလစ်ပေးပြီး Security  ထဲကိုဝင်လိုက်ပါ  Security  ဖိုင့်ထဲမှာ Saved Password ဆိုတဲ့ ဘောက်ကိုကလစ်လိုက်ပါ
Saved Password ဆိုတဲ့ဖိုင့်တစ်ခုတက်လာရင် သူငယ်ချင်းတို့  Remember password ဆိုတာကို ကလစ်ပေးထားတဲ့
အကောင့်တွေ ဝင်ထားတဲ့ ဆိုဒ်တွေရဲ့ အကောင့်တွေ အားလုံးပေါ်လာပါမယ် Remember password မနှိပ်ထားတဲ့
အကောင့်တွေတော့မပေါ်ပါဘူး ပြီးနောက် Site  Username  ရဲ့အောက်မှာ ဝင်ထားတဲ့ ဆိုဒ်နာမည်သူငယ်ချင်းရဲ့ အကောင့်တွေ   ပေါ်လာပါမယ်သူငယ်ချင်းကြည့်ချင်တဲ့အကောင့် (သို့ မဟုတ် ) ဆိုဒ်တစ်ခုခုကို ကလစ်ပေးလိုက်ပါ ပြီးနောက်  Show Passwords ဆိုတဲ့ ဘောက်ကို ကလစ်ပေးလိုက်ပါ Confirm ဖိုင့်တစ်ခုတက်လာပါ မယ် အဲ့ဒီဖိုင့်ထဲမှာ yes ကိုနှိပ်လိုက်ပါ သူငယ်ချင်းရဲ့အကောင့်နဲ့  password ပေါ်လာပါပြီး အကောင့်ကိုယူချင်တာဖြစ်ဖြစ် Password ကိုcopy ယူချင်တာဖြစ်ဖြစ် ညာဘက်ကလစ်တစ်ချက်ပေးလိုက်ပါ 
Copy Username  နဲ့   Copy Password ဆိုတာနစ်ခုပေါ်လာပါမယ် သူငယ်ချင်းတို့  ယူချင်တဲ့ ဟာကို ကလစ်ပေးပြီး Copy ယူလိုက်ပါ


( ပုံ ၂ )  သူငယ်ချင်းတို့ ရဲ့  Password ပြန်ကြည့်နည်း 

( ပုံ ၃ ) password ပြန်ကြည့်ရန်

 Mozilla Firefox  ထဲက password ပြန်ကြည့်နည်းတော့ သိသွားပြီး  ဘယ်လို့ ကာကွယ်မလဲလွယ်ပါတယ်  ဆိုဒ်တစ်ခုခုဝင်ရင် Mozilla Firefox  ကRemember password ဆိုပြီးမေးလာရင် ကလစ်မပေးပဲ X ကိုနှိပ်လိုက်လည်းရပါတယ် (သို့ မဟုတ်) Remember password ဆိုတဲ့ ဘားရဲ့ဘေးမှာ မြှားတစ်ခုပါပါတယ် ကလစ်ပေးပြီး  Not Now ကို ကလစ်ပေးလိုက်ရင်ရပါပြီး 
Remember password ဆိုတဲ့ ဖိုင့်ကို ဘာမှာမနှိပ်လည်းရပါတယ်
အရင်က နှိပ်မိထားလို့  Security  ဖိုင့်ထဲမှာ ကိုယ်ရဲ့ အကောင့်တွေ ရှိနေသေးတယ်ဆိုရင် Remove All ကို ကလစ်ပေးလိုက်ပါ ပြီးရင်တော့ Close ပေးလိုက်ရင် သူငယ်ချင်းအကောင့်တွေ မကျန်းခဲ့တော့ပါဘူးဒီလောက်ဆိုရင် သူငယ်ချင်းတို့ နားလည်လောက်ပြီးထင်ပါတယ်မရှင်းသေးဘူးဆိုရင် ကော့မက်ဘောက်ထဲမှာ ပြောခဲ့ကြပါ 

ကျွန်တော် တက်နိုင်သလောက် ကူညီဖြေရှင်းပေးပါမယ် 
တစ်ခုတော့ရှိတယ်ဗျာ သူငယ်ချင်းတို့ အကောင့်မဟုတ်ပဲ တစ်ခြားသူအကောင့်များ အခုလို့ ရှိနေခဲ့ရင်  ဘာမှာမလုပ်ပဲ
Remove All ဆိုတာကို ကလစ်ပေးလိုက်ပါဗျာ သူငယ်ချင်းတို့ အတွက်လည်းအကျိုးမရှိပါဘူး ကျန်ခဲ့တဲ့သူအတွက် မကောင်းပါဘူး ဒီလောက်ဆို သဘောပေါက်လောက်ပြီးထင်ပါတယ် 

sandar sandar.com မှ အသင်းဝင်များအားလုံးပျော်ရွှင်ပါစေ
ဗဟုသုတ နည်းပညာတွေ မျှဝေပေးနိုင်ကြပါစေ  ။

 

 


 

Thursday, 25 October 2012

******* ... ဟာသကမ္ဘာ ( ၄ ) ... *******

******* ... ဟာသကမ္ဘာ ... *******

 

 

 လက်ထပ်ခွင့် လက်ထပ်ခွင့်ပန်ပြီးတဲ.အချိန်  

အမျိုးသား - အင်းနောက်ဆုံးတော့လည်းအကြာကြီးစောင့်၇ကြိုးနပ်

                  တယ်။     

အမျိုးသမီး -  ဟင်းနော် ...ထားသွားလိုက်ရမလား...........?

အမျိုးသား စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့

အမျိုးသမီး - တကယ်ချစ်ရဲ့လားဟင်..........

အမျိုးသား - ဒါပေါ့ .........ဒီထက်တောင်ပိုသေးတယ် 

အမျိုးသမီး - ကျွန်မကိုအရူးလုပ်မှာလား.........?

အမျိုးသား - ဘုရားဆူးရစေရဲ့ဒီမေးခွန်းမျိုးမေးတောင်မမေးပါနဲ့လား..

အမျိုးသမီး - ကျွန်မကိုနမ်းချင်သလားဟင်........?

အမျိုးသား - အချိန်မရွေး

အမျိုးသမီး - နှိပ်ကော နှိပ်စက်မှာလား? 

အမျိုးသား - မင်းရူးများနေလားကွာ........ 

အမျိုးသမီး - ကျွန်မ မောင့်ကိုစိတ်ချရပါတယ်နော်.........

 အမျိုးသား - အင်း 

အမျိုးသမီး - မောင်ရယ် 

လက်ထပ်ပြိးတဲ. အခါ အပေါ်က စာသားလေးတွေကို အောက်ကနေသာပြန်စဖတ်လိုက်ပါ .........

ရေထဲက Screen လေး ဖန်တီးကြည့်ရအောင်

ရေထဲက Screen လေး ဖန်တီးကြည့်ရအောင်

 ရေကြည်ကြည်လေးရဲ့အောက်မှာ ခြေထောက်ကို တွဲလောင်းချပြီး
စိမ်ထားကြည့်ဖူးလား။ ကျွန်တော်ကတော့ အဲလိုမျိုး ကိုယ့်ခြေထောက်ကိုရေထဲစိမ်ပြီး ရေကြည်ကြည်လေးရဲ့ လှိုင်းတွန့်လေးတွေအောက်ကခြေထောက်ကို ဖောက်ပြီးမြင်ရတာကို အရမ်းသဘောကျပါတယ်။ ခင်ဗျားတို့လဲသဘောကျတယ်ဆိုရင်
အဲလိုလုပ်ကြည့်ပါ။ အရမ်းစိတ်ကြည်နူးဖို့ကောင်းပါတယ်။ ဒါနဲ့တင်အားမရသေးလို့ နောက်တစ်ဆင့်တက်ပြီး ခင်ဗျားရဲ့ Laptopကိုရေထဲစိမ်ထားလိုက်ရင် ရေလှိုင်းလေးတွေအောက်က Laptop Screen လေးဟာအတော်ကြည်နူးဖို့ကောင်းမှာပဲလို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကြည်နူးမယ်တောင် မကြံသေးဘူး Laptop ကြီးကို ရေစိုသွားလို့ Window  တောင်ကောင်းကောင်းတက်နိုင်တော့မယ်မထင်ပါဘူး။ ဒါပေမဲ့ စိတ်မလျှော့ပါနဲ့ဦး။ခင်ဗျားရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ Watery Desktop3D ရှိပါသေးတယ်။ Watery Desktop 3D Software လေးက ကွန်ပြူတာ Screen ကိုရေအောက်မှာ သွားထားထားသလိုမျိုး Effect တွေနဲ့ အလှဆင်ပေးမဲ့ softwareတစ်ခုဖြစ်ပါတယ်။ Soft Rain, Hard Rain, Storm, Glide wave စသည်ဖြင့်Effect တွေကလည်း အတော်စုံပါတယ်။ ဒါ့အပြင် mouse pointer ကို screenပေါ်မှာသွားနေရင် ရေထဲမှာ လက်နဲ့ကစားနေသလိုလှိုင်းလေးတွေဖြစ်သွားအောင်လည်း ဖန်တီးထားပါသေးတယ်။ Wallpaper functionတင်မကပဲ Screen Saver function ကိုလည်း ထည့်ပေးထားတဲ့အတွက်အတော်အသုံးဝင်တဲ့ software တစ်ခုဖြစ်ပါတယ်။ Watery Desktop 3D softwareကို Push- Entertainment က ထုတ်လုပ်ထားတာဖြစ်ပြီး 1.38 MB ပဲရှိပါတယ်။


အောက်မှာဒေါင်းလိုက်နော်။

http://www.animated-wallpaper.com/files/WateryDesktop3D_setup.zip

Wednesday, 24 October 2012

သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်

သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်

 

 ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာ ရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိသည် ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသနပညာရှင်နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။
ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့်အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 Ref: Good Health

ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး

ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး

  

ချောကလက်မှာ Phenols လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ ချောကလက် တစ်အောင်စခွဲ အရွယ်အတုံးသေးတစ်ခုမှာ ဝိုင်နီငါးအောင်စဝင် တစ်ဖန်ခွက်စာလောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေပါတယ်။ အဖြူရောင် ချောကလက်ထက် အရောင်ရင့် ချောကလက်က ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ လူအများသိပြီးသား ဖြစ်မှာပါ။

နောက်ထပ်သတင်းကောင်း၏ချောကလက်မှာ ပါဝင်တဲ့အဆီ သုံးပုံတစ်ပုံဟာ Stearic လို့ခေါ်တဲ့ ကိုယ်လက်စထရော အကျိုးပြုအဆီဖြစ်ပြီး ကျန်အဆီသုံးပုံနှစ်ပုံကတော့ Oleic acid လို့ခေါ်တဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ ပင်ဆဲလ်ဗေးနီးယား သုတေသီတွေက လူ ၂၃ ဦးကို တူညီတဲ့ အစားအသောက်ကျွေးပြီး တချို့ လူတွေကို အမည်းရောင် ချောကလက် ၁၆ ဂရမ်နဲ့ ကိုကိုးမှုန့် ၂၂ ဂရမ် ထပ်မံကျွေးတဲ့အခါ ချောကလက် စားသူတွေဟာ မစားသူတွေထက် မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ ပိုလျော့ကျ ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ချောကလက် စားချင်စိတ်ပြင်းပြနေလျှင်
- အမည်းရောင်ကို ရွေးပါ
အမည်းရောင် ချောကလက်မှာ တခြားချောကလက်အမျိုးအစားတွေထက် Phenols ဓာတ်ပိုမိုပါဝင်နေပါတယ်။ နို့ချောကလက်တွေမှာတော့ ပြည့်ဝဆီတွေ ဖြစ်တဲ့ နို့အဆီ ပါဝင်နေတာကြောင့် မရွေးသင့်ပါ။
- စတော်ဘယ်ရီသီး ထည့်စားပါ
ချောကလက် ပူပူတစ်ခွက်ထဲ စတော်ဘယ်ရီသီး ထည့်တာဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများများပါဝင်တဲ့ သရေစာတစ်မျိုးပါပဲ။ ချောကလက်ပူပူထဲ စတော်ဘယ်ရီသီး မထည့်ခင် ခြောက်သွေ့နေဖို့လိုပါတယ်။
- အမျိုးအစား ကောင်းကောင်း ရွေးစားပါ
အကောင်းဆုံး ချောကလက်ကို ရွေးဝယ်ပါ။ ဒါမှသာ ချောကလက်ပမာဏ များများထက် ပမာဏနည်းနည်းစားရုံနဲ့ ကျေနပ်သွားပါလိမ့်မယ်။



Ref : Good Health

သဘာဝနည်းလေးနဲ့ခံတွင်းနံ့ပျောက်ကင်းအောင်

သဘာဝနည်းလေးနဲ့ခံတွင်းနံ့ပျောက်ကင်းအောင်

 

 သကြားလုံးတွေ၊ ရှောက်သီးခွံတွေကို တတိတိနဲ့ ဝါးစားမယ့်အစား လက်ဖက်ရည် သောက်ပါလို့ ဆိုလာကြပါပြီ။

 Black Tea or Green Tea တစ်ခွက်ဟာ အနံ့ဆိုးတွေကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ပါတယ်။
 လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) မှာ Catechins လို့ခေါ်တဲ့ ပစ္စည်းတွေများစွာ ပါဝင်ပြီး ယင်းတို့က အနံ့ဆိုးထွက်စေတဲ့ အရာတွေကို သွားပေါင်းပြီးတော့ သူတို့ရဲ့ အနံ့အသက်ဆိုးကို ဖုံးကွယ်ပေးပါ တယ်။
လက်ဖက်ရည်ကို မျိုမချခင် ပါးစပ်အနှံရောက်စေတာကတော့ အကောင်းဆုံးပါပဲ။ တစ်ခုသတိထား၇မှာက သကြားမထည့်မိဖို့ပါပဲ။
 နောက်ထပ်နည်းလမ်းကတော့ သစ်ကြံပိုးခေါက်ကို နည်းနည်းဝါးတာပါပဲ။ ဒီလိုဝါးတာဟာ အနံ့ဆိုးထွက်စေတဲ့ ပိုးတွေကို ၅၀ ရာခိုင်နှုန်း လျော့ပါးစေပါတယ်။
 အနံ့ပြင်းပြင်းပါတဲ့အစားအစာတစ်ခုကို စားပြီးတိုင်းလက်ဖက် 

 ခြောက်ဖက်ကို ဝါးပေးရင်လည်း အနံ့ဆိုး သက်သာစေပါတယ်။

 

 မင်္ဂလာရှိသော နေ.၇က်များကိုဖြတ်ကျော်နိုင်ပါစေ ကျေးဇူးအထူးတင်၇ှိပါတယ်။

Tuesday, 23 October 2012

သွေးပေါင်ကျခြင်း၏ လက္ခဏာများ

သွေးပေါင်ကျခြင်း၏ လက္ခဏာများ


သွေးပေါင်ကျခြင်းဆိုတာဟာ ပုံမှန်ထက် သွေးဖိအား လျော့နည်းနေခြင်း ဖြစ်ပါတယ်။ သွေးပေါင်ကျတယ်လို့ ပြောနိုင်ဖို့ရာအတွက် သတ်မှတ်ချက်က လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ယေဘုယျအားဖြင့် အပေါ် သွေးဖိအား 90mm/Hg အောက်မှာရှိရင် သွေးပေါင်ကျတယ်လို့ စဉ်းစားနိုင်ပါတယ်။
သာမန်ထက် သွေးပေါင်အနည်းငယ်နိမ့်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သွေးပေါင်အလွန်အမင်း 
 လျော့ကျ နေရင် အားနည်းတာ၊ မူးဝေတာနဲ့ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
သွေးပေါင်ကျတာကို ခံစားနေရတဲ့သူမှာ တွေ့ရှိနိုင်တဲ့ လက္ခဏာတွေရှိပါတယ်။ သွေးတိုးတာနဲ့ မတူတဲ့ အချက်က သွေးတိုးတဲ့အခါ တွေ့ရတဲ့လက္ခဏာတွေက တိတိကျကျ သိနိုင်ဖို့ ခဲယဉ်းပြီး ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိပါတယ်။ သွေးပေါင်ကျတဲ့အခါမှာတော့ လက္ခဏာတွေကို လွယ်လွယ်ကူကူ သိရှိ နိုင်ပါတယ်။
အထွေထွေလက္ခဏာများ
• သွေးပေါင်ကျနေတဲ့ လူတစ်ယောက်ဟာ ဦးခေါင်းချာချာလည်နေသလို စတင်ခံစားရပြီး မူးဝေနေပါလိမ့်မယ်။
• သွေးပေါင်ကျနေရင် ရုတ်တရက်မူးမေ့မလိုလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ရုတ်တရက်လျော့နည်းသွားတဲ့အတွက် ဖြစ်တာပါ။
• သွေးပေါင်ကျနေတဲ့လူနာတွေဟာ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းမရှိတာ၊ စိတ်ရှုပ်တာနဲ့ စိုးရိမ်ပူပန် တာတွေ ဖြစ်တတ်ပါတယ်။
• သွေးပေါင်ကျနေစဉ်အတွင်း အသက်ရှူတာမြန်ပြီး တိမ်နေတတ်ပါတယ်။
မတ်တတ်ရပ်စဉ် သွေးပေါင်ကျခြင်း၏ လက္ခဏာများ
• မတ်တတ်ရပ်စဉ်မှာ သွေးပေါင်ကျခြင်း (Orthostatic Hypotension) ဟာ အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ အချိန်ကြာကြာထိုင်ပြီး ဒါမှမဟုတ် လဲလျောင်းနေပြီးနောက် မတ်တတ်ရပ်လိုက်တဲ့အခါ  စက္ကန့်အနည်းငယ်အတွင်း မတ်တတ်မရပ်နိုင်တော့ဘဲ မူးမေ့မလို ဖြစ်သွားတတ်တာပါ။
• Orthostatic Hypotension ရဲ့ တခြားလက္ခဏာတွေကတော့ မူးဝေတာ ဒါမှမဟုတ် ရီတီတီဖြစ်တာပါ။ စဖြစ်ဖြစ်ချင်းမှာ ခေါင်းကလည်နေသလို ခံစားရပြီး မူးနောက်နောက်နဲ့ မကြည်မလင်ခံစားနေရတတ်
ပါတယ်။
• Orthostatic Hypotension ဟာ အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မတ်တတ်ရပ်လိုက်တဲ့အခါ သွေးကျတာကို ခံစားရသူတွေမှာ အမြင်အာရုံမကြည်လင်ဘဲ မှုန်ဝါးဝါးဖြစ်နေ
ပြီး မျက်စိရှေ့မှာ တစ်ခုခုကာထားသလို ခံစားရနိုင်ပါတယ်။
• သွေးပေါင်ကျတဲ့ လူနာဟာ ပြင်းပြင်းထန်ထန် စိတ်ရှုပ်ထွေးနေနိုင်ပြီး မစဉ်းစားနိုင်ဘဲ ဖြစ်နေတတ်ပါ
တယ်။
 သွေးတွေကို ဦးနှောက်ဆီကို မှန်မှန်နဲ့ ထိထိရောက်ရောက် မပို့နိုင်တဲ့အတွက် ဦးနှောက်ရဲ့ လုပ်ဆောင်မှု မမှန်ကန်တော့ဘဲ စိတ်ရှုပ်ထွေးစေတာ ဖြစ်ပါတယ်။
• မတ်တတ်ရပ်စဉ် သွေးပေါင်ကျတဲ့အခါ အများဆုံးခံစားရတတ်တဲ့ လက္ခဏာတစ်ခုကတော့ အားနည်းသွားသလို ခံစားရတာပါ။ လူနာဟာ မတ်တတ်ရပ် ဖို့တောင် အားမရှိတော့သလို ခံစားရတတ်ပါတယ်။
ပြင်းထန်သော သွေးပေါင်ကျခြင်း၏လက္ခဏာများ
• ပြင်းပြင်းထန်ထန်း သွေးပေါင်ကျတဲ့ လက္ခဏာတွေက ရှော့ခ်ရတဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
• သွေးပမာဏာလျော့နည်းခြင်းဒါမှမဟုတ် နှလုံးမှာ သွေးညစ်တုတ်နိုင်စွမ်းလျော့နည်းသွားခြင်းကြောင့် 
ေ၇ှာ့ခ်ရရင် အရေပြားဟာ အေးပြီး ချွေးစေးပြန်နေနိုင်ပါတယ်။
• ရှော့ခ်ရတဲ့အခါဦးနှောက်အပါအဝင်ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကို  သွေးရောက်ရှိမှု
 လျော့နည်းသွားပါတယ်။ ဒီအခါ အိပ်ငိုက်ခြင်း၊ ရီတီတီဖြစ်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေကိုခံစာ့းရတတ်ပါ
 တယ်။
• ရှော့ခ်ရတဲ့အခါ အရေပြားဟာ ဖျော့တော့ပြီး အပြာရောင်သန်းနေနိုင်ပါတယ်။
• ရှော့ခ်ရခြင်းကြောင့် သွေးပေါင်ကျရင် သွေးခုန်နှုန်းအားနည်းနေပါမယ်။   ဒါမှမဟုတ် မြန်နေပါမယ်။ နှလုံးက သွေးညှစ်ထုတ်မှု လျော့နည်းသွားခြင်း ကြောင့် ရှော့ခ်ရတဲ့ လူနာတွေမှာတော့ သွေးခုန်နှုန်းက နှေးနေနိုင်ပါတယ်။ တခြားသူတွေမှာတော့ နှလုံးခုန်နှုန်းမြန်ပြီး သွေးခုန်နှုန်း မြန်နေပါမယ်။
• ရှော့ခ်ရတဲ့လူနာဟာ အသက်ရှူမြန်လာပါမယ်။ ခက်ခက်ခဲခဲမောမောပန်းပန်း အသက်ရှူရပါမယ်။


အထူးကျေးဇူးတင်၇ှိပါသည်။