ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Friday 8 March 2013

*မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု**

*မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု**






 မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
 (၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
 (၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ. ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက် ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကား အသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
 (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသောဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။


  မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ

Sunday 3 March 2013

Password ပေးထားတဲ့ Computer ကို Password မသိလဲ ၀င်သုံးမယ်...


Password ပေးထားတဲ့ Computer ကို Password မသိလဲ ၀င်သုံးမယ်...

Computer ပိုင်ရှင်မှရှိတုန်း ခဏ၀င်သုံးမယ်ဆိုပြီး ဖွင့်လိုက်တော့ စက်ကိုသူက Password ပေးထားတော့ Password ပေးမှ ၀င်လို့ရတော့မယ်... ဟာ Password မသိတော့ ၀င်လို့မရတော့ဘူး ပေါ့ ...ဘယ်လိုလုပ်ရမလဲ ပြန်ပိတ်လိုက်ရ မလား ... စိတ်မညစ်နဲ့ Password မသိလဲ ၀င်သုံးမယ်...
ကဲစမယ်...
(၁) Computer ကိုဖွင့်ပါ။
(၂) Window တက်လာတာစောင့်ပါ။
(၃) Username & Password တောင်းလာပါပြီ။
ဒါဆို လုပ်ငန်းက စရတော့မယ်ပေါ့...Password မသိလဲ ဘယ်လိုလုပ်ပြီးဝင်ဆိုတာကို
(၄) Ctrl+Alt+ Delete ကိုနှစ်ချက် နှိပ်လိုက်ပါ။
(၅) Username & Password တောင်းတဲ့နေရာေ၇ာက်လာပါလိမ့်မယ်
(၆) Username နေရာမှာ Administrator ဖြစ်နေပါလိမ့်မယ်။ဖြစ်မနေလဲ Administrator ဆိုတာလေးကို Username နေရာမှာရိုက်ထည့်လိုက်ပါ။
(၇) ပြီရင်း Ok နှိပ်လိုက်ပေါ့။



မှတ်ချက်။ ။ အရေးအကြီးဆုံးက Ctrl + Alt + Delete ကိုနှစ်ချက် နှိပ်ရမှာပါပဲ။
 
 

 
 

Monday 26 November 2012

PC မှ Viber ဖုန်းခေါ်နည်း

PC မှ Viber ဖုန်းခေါ်နည်း
ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။

Code:

ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်


Code

ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....

bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို ru လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။


Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်

မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။ (မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်

download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

Sunday 25 November 2012

မိမိကွန်ပြူတာ Hang သွားသည့်အကြောင်းအ၇င်းများ

မိမိကွန်ပြူတာ Hang သွားသည့်အကြောင်းအ၇င်းများ
ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်...
လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။
အဆင်ပြေကြပါစေဗျာ..ဆန္ဒများစွာဖြင့် ကြိုးစားလျက်

Saturday 10 November 2012

မိမိဂျီမေးလ်အကောက်လိပ်စာမကျန်ခဲ့အောင်ဖျက်နည်း

မိမိဂျီမေးလ်အကောက်လိပ်စာမကျန်ခဲ့အောင်ဖျက်နည်း

မိဂျီမေးလ်အကောက်လိပ်စာမကျန်ခဲ့ အောင်ဖျက်နည်းပါ..ဆိုင်မှာသုံးတဲ့သူငယ်ချင်းတွေအတွက်နှင့် မသိသေးတဲ့သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်...သိပြီးတဲ့ ညီအစ်ကိုမောင်နှမ တွေက တော့ ကျော်သွားပေါ့ဗျာ..
.ပထမဦးဆုံး window+R နှိပ်ပြိး Run Box ကို ခေါ်လိုက်ပါ။ regedit လို့ရိုက်ထည့်ပေးပါ။ ပြီး၇င် ok နှိပ်လိုက်ပါ။    ပုံနဲ့ပြပေးပါမယ်...ပုံလေးတွေအတိုင်းဆက်လုပ်သွားပေးပါ နော်.........
  ပြီးတော့ HKEY_CURRENT_USER ကိုနှစ်ချက်နှိပ်လိုက်ပါ။ 
ပုံတွင်ပြထားသည့် အတိုင်း software ကိုကလစ် နှစ်ချက်နှိပ်လိုက်ပါ




ဆက်လက် ပြီးပုံတွင်ပြထားသည့် အတိုင်း Google talk ကိုနှစ်ချက် ကလစ်လိုက်ပါ။

Google talk ကို ကလစ်လိုက်တာနဲ. ပုံတွင်ပြထားသည့် အတိုင်းမိမိသုံးထားတော့ gmail အကောက်တွေကို တွေ့ရပါလိမ့်မည်။

 ပြီးလျှင် Right Click ထောက်ပြီးတော့ Delete လုပ်လိုက်ပါ။ 

ဒါဆိုရပါပြီ ကွန်ပျူတာမှာ မိမိဂျီမေးလ် လိပ်စာ မကျန် တော့ပါဘူး...ကျွန်တော်သိတဲ့နည်းကိုပြောပြတာပါ...
တစ်ခြားနည်းလမ်းတွေလည်းရှိမှာပါ......
***regedit ကို သုံးရင် သေချာ သတိနဲ့ သုံးပါလို့ မှားဖျက်တာ ဆိုရင်တော့ သွားပြီနော်***
သူငယ်ချင်းအားလုံးအဆင်ပြေပျော်ရွှင်ချမ်းမြေ့ကြပါစေ......

 

Friday 9 November 2012

ဖေ့ဘုတ်မှာ Font လှလှတွေထည့်မယ်

ဖေ့ဘုတ်မှာ Font လှလှတွေထည့်မယ်

အခုဟာလေကတော့ ဖေ့ဘုတ်မှာ စာလုံးဒီဇိုင်တွေ အလှဆင်မို့ အတွက်ပါ.........ချစ်သူရှိတဲ့ သူတွေကလည် ကိုယ့်ချစ်သူအတွက် စာလုံးလှလှလေတွေ  လက်ဆောင်ပေးလို့ ရတာ
အခု ကျနော်ဓာတ်ပုံမှ ပြထာတဲ့အတိုင်း အဲသလိုစာလုံးတွေကို အောက်ကလင့်မှာ သွာယူပြီး မိမိဥာဏ်ရှိသလို အသုံးချလို့ရပါတယ်...



အဲဒီဆိုဒ်ကို သွားပြီးရင်ကြိုက်တဲ့ စာလုံးတွေကို Selectလုပ်ပါ  ပြီးရင် ကော်ပီပေါ့ (Ctral+C) နောက်ပြီး မိမိ ရေးလိုတဲ့နေရာမှာ ....... ညာဘက်ကလစ်နှိပ်ပြီးတော့ Paste (C+V)  

 

facebook ဆိုင်ရာနည်းပညာမှ ကူးယူတင်ပြထားသည်။

facebook News Feed မှာ မိမိမမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

 facebook News Feed မှာ မိမိမမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

ကျနော်တို့ ဖေ့ဘုတ်မှာ နည်းပညာ-ကျန်းမားရေးဆိုင်ရာတွေ ဆောင်းပါတွေ ကဗျာတွေ နှင့် အခြာသော ဗဟုသုတဖြစ်စေမယ့် ပိုစ့်တွေပဲ ဖက်ခြင်းပြီး သူများကိုဆဲဆိုပုတ်ခတ်တဲ့ ပိုစ်တွေမဖက်ခြင်းဘူး မမြင်ခြင်းဘူးဆို အခုနည်းနဲ့ လုပ်လို့ပါ  တင်တဲ့သူကိုယ်လည် Unfriend/Block တွေလုပ်စရာမလိုပါဘူး

ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ့်စိတ်အနှောက်ယှက်ဖြစ်တဲ့ သူရဲ့ page wall  ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် စိတ်အနှောက်ယှက်ဖြစ်စေမဲ့  ပိုစ်တွေ ကိုယ့် News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။


facebook ဆိုင်၇ာနည်းပညာမှာကူးယူတင်ပြထားသည်။

Tuesday 30 October 2012

မိမိကွန်ပျူတာကို (LOGING PASSWORD )ဖြုတ်ချင်ဘူများအတွက်

မိမိကွန်ပျူတာကို (LOGING PASSWORD )ဖြုတ်ချင်သူများအတွက်
နားလည်လွယ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်...
  ( ပုံ - 1 ) Start > Control Panal ကနေ ပုံလေးတွေမှာ ပြထားတဲ့ အတိုင်း ဆက်လုပ်သွားပါ...


(ပုံ - 2 )  မြှားထိုးထားတဲ. အနီရောင်အကွက်လေးကို နှိပ်လိုက်ပါ (User Accounts And Family Safety)



( ပုံ - 3) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ.အကွက်လေးကို နှိပ်လိုက်ပါ (User Accounts )

( ပုံ - 4) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ့ အကွက်လေးကို နှိပ်လိုက်ပါ (Created a Password for your account )



( ပုံ 5 )  ဒီနေရာကိုရောက်ရင် မိမိ ပေးထားတဲ့ Password ကို ရိုက်ထည့်ပေးပြီး Remove Passwordကို နှိပ်ပေးလိုက်ပါ 





. WinKey+Lကိုနှိပ်ပြီးစမ်းကြည့်ပါPasswordမတောင်းတော့ပါဘူး.....
အားလုံးအဆင်ပြေကြပါစေ...

Monday 29 October 2012

မိမိကွန်ပြူတာလုံခြုံဖို့ Login Password ထည့်နည်း

မိမိကွန်ပြူတာလုံခြုံဖို့ Login Password ထည့်နည်း

 ( ပုံ -1 )

  

 ကွန်ပြူတာဖွင့်ရင် Password ခံတာလေးရှင်းပြပေးပါမယ် မသိသေးသူတွေလဲ ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်...

 ကွန်ပြူတာကို သူများတွေ မကိုင်စေချင်လို့  လုံခြုံအောင် PasswordWindow စ တင်တင်ချင်းမှာလည်း Password ကို တစ်ခါထဲ ထည့်ပေးလို့ရပါတယ်.. ခံပေးတာကို မေးထားတာပါ  .. တကယ်တမ်း

 ခုမှ ပြန်ပြီး loggon Password ကို ပြန်ထည့်ထားချင်တယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးလိုက်ပါ...
နားလည်လွယ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်...
 ( ပုံ - 2 ) Start > Control Panal ကနေ ပုံလေးတွေမှာ ပြထားတဲ့ အတိုင်း ဆက်လုပ်သွားပါ...

(ပုံ - 3 )  မြှားထိုးထားတဲ. အနီရောင်အကွက်လေးကို နှိပ်လိုက်ပါ (User Accounts And Family Safety)

  


( ပုံ - 4) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ.အကွက်လေးကို နှိပ်လိုက်ပ(User Accounts )

( ပုံ - 5) အတိုင်းအနီရောင်မြှားလေးထိုးထားတဲ့ အကွက်လေးကို နှိပ်လိုက်ပါ (Created a Password for your account )
ဒီနေရာမှာ နံပါတ် (1) နဲ့ (2) မှာ ကိုယ်ပေးမဲ့ Password ကို တူညီအောင် ရိုက်ထည့်ပေးလိုက်ပါ..။ နံပါတ် (3)ကို နှိပ်ပြီး Save ပေးလိုက်ပါ ..(ကိုယ်ပေးတဲ့ Password ကိုတော့ မှတ်ထားပေါ့နော်) စမ်းကြည့်ချင်တယ်ဆိုရင် Win Key + L ကို တွဲနှိပ်လိုက်ပါ ..Password တောင်းပါလိမ့်မယ် စောစောက ပေးခဲ့တဲ့ Password ကို ရိုက်ထည့်ပေးပြီး ဖွင့်လိုက်ပါခင်ဗျာ






အဆင်ပြေပါစေ...။...
ကျေးဇူးအထူးတင်၇ှိပါတယ်ဗျာ











 

Saturday 27 October 2012

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း

                   Mozilla Firefox သုံးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးခြင်း  ဖြစ်ပါတယ်ခင်ဗျာ
မထင်ထားတဲ့ နေရာတစ်ခုမှာ သူငယ်ချင်းတို့  password တွေ ကျန်နေခဲ့တက်ပါတယ်  သတိမထားမိလိုက်ခြင်းကြောင့်လည်းဖြစ် တက်ပါတယ် ဘယ်လို့ကြောင့် မိမိ password တွေMozilla Firefox
ထဲမှာ ကျန်ရှိနေတာလဲဆိုရင်    ဆိုဒ်တစ်ခုခု ဝင်ဖြစ်ခဲ့ရင်
Mozilla Firefox မှာ Remember password ဆိုပြီးဖိုင့်တစ်ခုတက် လာပြီး မေးပါတယ် Remember password ကိုမနှိပ်ရင်တော့ ဘာမှာမဖြစ်ပါဘူး နှိပ်လိုက်၇င်တော့ Security ထဲကိုရောက်သွားပြီး
သူငယ်ချင်းရဲ့အကောင့်နဲ့  password ကိုမှတ်ပြီးသာဖြစ်သွားပါမယ်
အဲ့လို့ တွေ မကျန်ခဲ့အောင် ဘယ်လို့ ကာကွယ်မလဲ ဘယ်လို့ လုပ်ကြ မလဲ ဆိုရင် လွယ်လွယ်လေးပါပဲ  ကျွန်တော်ရှင်းပြထားတဲ့ နည်းလေး အတိုင်း ဖြေရှင်းပေးလိုက်ပါ
အဆင်ပြေပါပြီး

( ပုံ ၁ )   ဆိုဒ်တွေဝင်ရင် Remember password လုပ်မှာလားလို့   မေးသော ပုံ 

 Mozilla Firefox  ထဲမှာ Tools ကိုကလစ်လိုက်ပါပြီးရင် Options ကိုထက်ပြီးကလစ်ပေးပြီး Security  ထဲကိုဝင်လိုက်ပါ  Security  ဖိုင့်ထဲမှာ Saved Password ဆိုတဲ့ ဘောက်ကိုကလစ်လိုက်ပါ
Saved Password ဆိုတဲ့ဖိုင့်တစ်ခုတက်လာရင် သူငယ်ချင်းတို့  Remember password ဆိုတာကို ကလစ်ပေးထားတဲ့
အကောင့်တွေ ဝင်ထားတဲ့ ဆိုဒ်တွေရဲ့ အကောင့်တွေ အားလုံးပေါ်လာပါမယ် Remember password မနှိပ်ထားတဲ့
အကောင့်တွေတော့မပေါ်ပါဘူး ပြီးနောက် Site  Username  ရဲ့အောက်မှာ ဝင်ထားတဲ့ ဆိုဒ်နာမည်သူငယ်ချင်းရဲ့ အကောင့်တွေ   ပေါ်လာပါမယ်သူငယ်ချင်းကြည့်ချင်တဲ့အကောင့် (သို့ မဟုတ် ) ဆိုဒ်တစ်ခုခုကို ကလစ်ပေးလိုက်ပါ ပြီးနောက်  Show Passwords ဆိုတဲ့ ဘောက်ကို ကလစ်ပေးလိုက်ပါ Confirm ဖိုင့်တစ်ခုတက်လာပါ မယ် အဲ့ဒီဖိုင့်ထဲမှာ yes ကိုနှိပ်လိုက်ပါ သူငယ်ချင်းရဲ့အကောင့်နဲ့  password ပေါ်လာပါပြီး အကောင့်ကိုယူချင်တာဖြစ်ဖြစ် Password ကိုcopy ယူချင်တာဖြစ်ဖြစ် ညာဘက်ကလစ်တစ်ချက်ပေးလိုက်ပါ 
Copy Username  နဲ့   Copy Password ဆိုတာနစ်ခုပေါ်လာပါမယ် သူငယ်ချင်းတို့  ယူချင်တဲ့ ဟာကို ကလစ်ပေးပြီး Copy ယူလိုက်ပါ


( ပုံ ၂ )  သူငယ်ချင်းတို့ ရဲ့  Password ပြန်ကြည့်နည်း 

( ပုံ ၃ ) password ပြန်ကြည့်ရန်

 Mozilla Firefox  ထဲက password ပြန်ကြည့်နည်းတော့ သိသွားပြီး  ဘယ်လို့ ကာကွယ်မလဲလွယ်ပါတယ်  ဆိုဒ်တစ်ခုခုဝင်ရင် Mozilla Firefox  ကRemember password ဆိုပြီးမေးလာရင် ကလစ်မပေးပဲ X ကိုနှိပ်လိုက်လည်းရပါတယ် (သို့ မဟုတ်) Remember password ဆိုတဲ့ ဘားရဲ့ဘေးမှာ မြှားတစ်ခုပါပါတယ် ကလစ်ပေးပြီး  Not Now ကို ကလစ်ပေးလိုက်ရင်ရပါပြီး 
Remember password ဆိုတဲ့ ဖိုင့်ကို ဘာမှာမနှိပ်လည်းရပါတယ်
အရင်က နှိပ်မိထားလို့  Security  ဖိုင့်ထဲမှာ ကိုယ်ရဲ့ အကောင့်တွေ ရှိနေသေးတယ်ဆိုရင် Remove All ကို ကလစ်ပေးလိုက်ပါ ပြီးရင်တော့ Close ပေးလိုက်ရင် သူငယ်ချင်းအကောင့်တွေ မကျန်းခဲ့တော့ပါဘူးဒီလောက်ဆိုရင် သူငယ်ချင်းတို့ နားလည်လောက်ပြီးထင်ပါတယ်မရှင်းသေးဘူးဆိုရင် ကော့မက်ဘောက်ထဲမှာ ပြောခဲ့ကြပါ 

ကျွန်တော် တက်နိုင်သလောက် ကူညီဖြေရှင်းပေးပါမယ် 
တစ်ခုတော့ရှိတယ်ဗျာ သူငယ်ချင်းတို့ အကောင့်မဟုတ်ပဲ တစ်ခြားသူအကောင့်များ အခုလို့ ရှိနေခဲ့ရင်  ဘာမှာမလုပ်ပဲ
Remove All ဆိုတာကို ကလစ်ပေးလိုက်ပါဗျာ သူငယ်ချင်းတို့ အတွက်လည်းအကျိုးမရှိပါဘူး ကျန်ခဲ့တဲ့သူအတွက် မကောင်းပါဘူး ဒီလောက်ဆို သဘောပေါက်လောက်ပြီးထင်ပါတယ် 

sandar sandar.com မှ အသင်းဝင်များအားလုံးပျော်ရွှင်ပါစေ
ဗဟုသုတ နည်းပညာတွေ မျှဝေပေးနိုင်ကြပါစေ  ။

 

 


 

Thursday 25 October 2012

ရေထဲက Screen လေး ဖန်တီးကြည့်ရအောင်

ရေထဲက Screen လေး ဖန်တီးကြည့်ရအောင်

 ရေကြည်ကြည်လေးရဲ့အောက်မှာ ခြေထောက်ကို တွဲလောင်းချပြီး
စိမ်ထားကြည့်ဖူးလား။ ကျွန်တော်ကတော့ အဲလိုမျိုး ကိုယ့်ခြေထောက်ကိုရေထဲစိမ်ပြီး ရေကြည်ကြည်လေးရဲ့ လှိုင်းတွန့်လေးတွေအောက်ကခြေထောက်ကို ဖောက်ပြီးမြင်ရတာကို အရမ်းသဘောကျပါတယ်။ ခင်ဗျားတို့လဲသဘောကျတယ်ဆိုရင်
အဲလိုလုပ်ကြည့်ပါ။ အရမ်းစိတ်ကြည်နူးဖို့ကောင်းပါတယ်။ ဒါနဲ့တင်အားမရသေးလို့ နောက်တစ်ဆင့်တက်ပြီး ခင်ဗျားရဲ့ Laptopကိုရေထဲစိမ်ထားလိုက်ရင် ရေလှိုင်းလေးတွေအောက်က Laptop Screen လေးဟာအတော်ကြည်နူးဖို့ကောင်းမှာပဲလို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကြည်နူးမယ်တောင် မကြံသေးဘူး Laptop ကြီးကို ရေစိုသွားလို့ Window  တောင်ကောင်းကောင်းတက်နိုင်တော့မယ်မထင်ပါဘူး။ ဒါပေမဲ့ စိတ်မလျှော့ပါနဲ့ဦး။ခင်ဗျားရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ Watery Desktop3D ရှိပါသေးတယ်။ Watery Desktop 3D Software လေးက ကွန်ပြူတာ Screen ကိုရေအောက်မှာ သွားထားထားသလိုမျိုး Effect တွေနဲ့ အလှဆင်ပေးမဲ့ softwareတစ်ခုဖြစ်ပါတယ်။ Soft Rain, Hard Rain, Storm, Glide wave စသည်ဖြင့်Effect တွေကလည်း အတော်စုံပါတယ်။ ဒါ့အပြင် mouse pointer ကို screenပေါ်မှာသွားနေရင် ရေထဲမှာ လက်နဲ့ကစားနေသလိုလှိုင်းလေးတွေဖြစ်သွားအောင်လည်း ဖန်တီးထားပါသေးတယ်။ Wallpaper functionတင်မကပဲ Screen Saver function ကိုလည်း ထည့်ပေးထားတဲ့အတွက်အတော်အသုံးဝင်တဲ့ software တစ်ခုဖြစ်ပါတယ်။ Watery Desktop 3D softwareကို Push- Entertainment က ထုတ်လုပ်ထားတာဖြစ်ပြီး 1.38 MB ပဲရှိပါတယ်။


အောက်မှာဒေါင်းလိုက်နော်။

http://www.animated-wallpaper.com/files/WateryDesktop3D_setup.zip

Tuesday 23 October 2012

G-Mail မှ Free SMS ပို့ချင်သူများအတွက်

G-Mail မှ Free SMS ပို့ချင်သူများအတွက်

 အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လိုရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပိုချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပိုယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် အောက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။ အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 

 ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။

 ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..

 ပြီးရင်အောက်ကပုံမှာ ပြထားတဲ့အတိုင်း Save Changes ပေးလိုက်ပါ .. 

 ဒါဆိုရင်တော့ SMS ပို့လို့ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် ..  မိမိတိုပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..

အောက်က အဆင့်မှာ Contact name မှာ မိမိတို့စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

Monday 22 October 2012

G-talk နဲ့Mobile ဖုန်းခေါ်မယ် .......


G-talk နဲ့Mobile ဖုန်းခေါ်မယ် .......
 

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါဗျာ ...

စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူးဗျာ ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1

အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။

တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။

အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။

Call back system သုံးဘူးတဲ့သူဆို သိပါတယ်။

ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။

ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။

လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။

မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။

facebook မှကူးယူတင်ပြပါသည်

Account Security အတွက် ဂရုစိုက်ရမည့် အချက်များ

Account Security အတွက် ဂရုစိုက်ရမည့် အချက်များ



ကျွန်တော်တို့ နေ့စဉ် အနိမ့်ဆုံး Gmail သို့မဟုတ် Facebook ကတော့ အမြဲတစေကို သုံးဖြစ်နေတာကတော့ ဘယ်သူမှ မငြင်းနိုင်လောက်ပါ။ နေ့စဉ်ဘ၀တွေမှာ အင်တာနက်၊ အီးမေးလ်နဲ့ လူမှုဆက်သွယ်ရေးကွန်ယက်တွေက နေရာတကာ အသုံးဝင်လာခဲ့ပါပြီ။

ကျွန်တော်တို့အရင်တုန်းက တစ်နေ့ကို ၁ ခါ အီးမေးလ်စစ်တာလောက် လုပ်ပေမယ့် အခုတော့ တစ်ခါ အင်တာနက်ထိုင်ရင် ၄/၅ ခါလောက်တော့ login ၀င်ရတာကတော့ ထုံးစံလိုဖြစ်နေပါပြီ။ အဲဒီလို တိုးတက်လာတော့ ကျွန်တော်တို့ login ၀င်ထားတဲ့ Website တိုင်းမှာ ပိုမိုကောင်းမွန်စွာ သိမ်းဆည်းပြီး search လုပ်ရင်တောင် တော်တော်ကောင်းမွန်လာပါတယ်။ ဒါပေမယ့် backside အနေနဲ့ ကျွန်တော်တို့ logout မထွက်မိလိုက်တာနဲ့ ကျွန်တော်တို့ဘ၀ကို ဇောက်ထိုးလှန်မယ့် ပြဿနာတွေ ကလည်း ရှိနေပြန်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အကောင့် အခိုးခံရခြင်းကို ဘယ်လိုကာကွယ်မလဲဆိုတာတွေကို တင်ပြပေးလိုက်ပါတယ်။ အောက်ဖော်ပြမယ့်နည်းတွေက Gmail တို့ Facebook တို့ အသုံးပြုတာတင်မကပဲ မည်သည့် site တွင်မဆို ထားရှိခြင်းကိုလည်းဆိုလိုပါတယ်။

၁။ အင်တာနက်ဆိုင်မှာ သွားရောက် အင်တာနက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ

အခုခေတ်ကြီးမှာ အင်တာနက်ကို နိုင်ငံတော်အနေနဲ့ ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ ချပေးတာမျိုးရှိလာပါတယ်။ အဲဒီအတွက် အင်တာနက်ကို ဖုန်းကနေတစ်ဆင့် အသုံးပြုလို့ရလာတာမျိုးတွေ အများကြီးဖြစ်လာတာပေါ့။ ဒါပမယ့် ကိုယ့်မှာ ကွန်ပျူတာရှိနေတယ်ဆိုရင် ဆိုင်မှာ သွားသုံးခြင်းက ကိုယ်ရဲ့ လုံခြုံမှုကို အနည်းနဲ့ အများထိခိုက်တယ်ဆိုတာကတော့ အသေအချာပါ။ memory stick အသုံးပြုလိုက်တာက စပြီးတော့ ဗိုင်းရပ်စ် အန္တရာယ်တွေလည်း အများကြီးကြုံတွေ့နိုင်ပါတယ်။

၂။ အင်တာနက်ဆိုင်သုံးသူများအတွက်

ကိုယ်ကိုယ်တိုင်က အင်တာနက်ဆိုင်မှာ မဖြစ်မနေသုံးရတော့မယ်ဆိုရင်တော့ အောက်ပါအချက်အလက်တွေကို စတင် လုပ်ဆောင်ရမှာပါ။ အဓိက ပြောပြချင်တာကတော့ ကိုယ်တိုင်မပေါ့ဆမိဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင် ပေါ့ဆမိပြီ ဆိုရင်တော့ ဆိုင်မှာ သုံးသုံး အိမ်မှာ သုံးသုံး အားလုံး အဟောသိကံ ဖြစ်သွားမှာပါ။

၁-၁။    ။ မိမိသုံးမည့်စက်ကို စစ်ဆေးပါ။

မိမိသုံးမည့်စက်တွင် key logger များ (သို့) password များကို မှတ်ထားနိုင်မည်ဟု သံသယရှိပါက လုံးဝမ၀င်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်စာရိုက်ထားခြင်းများအားလုံးကို သိမ်းဆည်းထားခြင်းဖြင့် မိမိ အလေးထားရသော အချက်အလက်များ ဆုံးရှုံးသွားနိုင်သောကြောင့်ဖြစ်ပါသည်။

၁-၂။     ။ အင်တာနက်သုံးပါက Firefox ကို private mode ဖြင့် ပြောင်းသုံးပါ။

Firefox သည် အင်တာနက်ဆိုင်များတွင် အလွယ်ဆုံးအသုံးပြုသော အင်တာနက် အသုံးချ software တစ်ခုဖြစ်ပါသည်။ သို့အတွက် Firefox တွင် Tools->Start Private Browsing ကို ရွေးချယ်၍အသုံးပြုသင့်ပါသည်။ Ctrl+Shift+P ကိုအသုံးပြုခြင်းဖြင့် private browsing ပြုလုပ်နိုင်ပါသည်။ private browsing ၏ အဓိက အားသာချက်မှာ Firefox ကို ပိတ်လိုက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် End Private Browsing ပြုလုပ်လိုက်ချိန်တွင် အထဲတွင်ရှိသော history များ၊ login များကို ဖျက်ပစ်လိုက်သောကြောင့်ဖြစ်ပါသည်။ သို့အတွက် private browsing သည် အသုံးသင့်ဆုံးသော tool တစ်ခုဖြစ်ပါသည်။

  ၁-၃။      ။ browser သုံးပြီးတိုင်း clear history ပြုလုပ်ပါ။

အချို့သော browser များတွင် private browsing mode မပါဝင်တတ်ပေ။ သို့မဟုတ် Firefox တွင် private browsing အသုံးပြု၍မရသောအခါတွင် မိမိ logout ထွက်ပြီးပါက Ctrl+Shift+Del ကိုအသုံးပြု၍ history များကို ဖျက်ခဲ့ပါ။ အချို့သော ဆိုက်များသည် ကိုယ်က logout ထွက်လိုက်သော်လည်း Back ခလုတ်ကို ပြန်နှိပ်လိုက်သောအခါတွင် ယခင် login ၀င်ထားသော နေရာသို့ အမှတ်မထင် ပြန်လည် ရောက်ရှိသွားမှုကြောင့် အကောင်းများမှာ မသမာသူများလက်ထဲသို့ ကောက်ခါငင်ကာ ကျရောက်နိုင်ပါသည်။

၁-၄။      ။ logout ထွက်ခဲ့သော page တိုင်းကို back ပြန်ဆွဲကြည့်ပါ။

စာဖတ်သူက gmail ကို logout ထွက်ခဲ့သည်ဆိုပါစို့။ browser မှာရှိတဲ့ back ခလုတ်ကို ပြန်နှိပ်ကြည့်ပါ။ အကယ်၍ ထွက်သွားသည်မှာသေချာလျှင် လုံးဝ ၀င်လို့ရမည်မဟုတ်ပါ။ သို့သော ၀င်လို့ရနေပါက logout ကို ထပ်နှိပ်ပါ။

အထက်ပါ အချက်အလက်များသည် နည်းပညာဆိုင်ရာကိစ္စရပ်များဖြစ်ပါသည်။ သို့သော် အချို့သော မသမာသူများက တခြားသော နည်းလမ်းများကိုအသုံးပြုတတ်ကြပါသည်။

၁-၅။      ။ portableapps.com ကို အသုံးပြုကြည့်ပါ

portableapps.com သည် မိမိ စတစ်များအတွင်းတွင် အသုံးပြုနိုင်သော application အမျိုးအစားဖြစ်ပါသည်။ သို့အတွက်ကြောင့် Firefox ကို usb တွင် သွင်းယူနိုင်သော အနေအထားရှိပါသည်။ ထို့အတွက်ကြောင့် အင်တာနက်ဆိုင်သွားသောအခါ logout ပြုလုပ်စရာမလိုပဲ ပိတ်မိသွားပါကလည်း မိမိ stick အတွင်း၌သာ ကျန်နေမည်ဖြစ်သည့်အတွက်လုံခြုံစိတ်ချရသည်ဟု တစ်ပိုင်းဆိုနိုင်ပါသည်။ ထို application သည် Gmail, Gtalk နှင့် အခြားသော photo editing softwares များပါ ထည့်သွင်းနိုင်သည့်အတွက် စိတ်ချယုံကြည်ရပါသည်။

၃။ မိမိ အကောင့် password ကိုမည်သူ့ကိုမျှ မျှဝေခြင်းမပြုလုပ်ပါနှင့်

မိမိအကောင့်ကို ဖြစ်နိုင်လျှင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ password ပေးခြင်း၊ အထူးသဖြင့် Chat များတွင် password ပေးခြင်းများကို မပြုလုပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော ထို chat record များကို အသုံးပြု၍ မသမာသူများက တိုက်ခိုက်နိုင်သောကြောင့်ဖြစ်ပါသည်။

အချို့သော ချစ်သူစုံတွဲများအနေဖြင့်လည်း မည်မျှပင် ယုံကြည်စိတ်ချစေကာမူ password ကို ပြောပြခြင်း မပြုလုပ်ဖို့အရေးကြီးပါတယ်။ ကိုယ်ကတော့ သေချာအောင် password ကို သိမ်းထားပေမယ့် ကိုယ့်ချစ်သူက အမှားအယွင်းတစ်ခုကြောင့် password ပေါက်ကြားသွားရင် သင့်အကောင်း စူဠလိပ် ရေထဲမျှောလိုက်တာထက် ကဲသွားနိုင်ပါတယ်။ အဲဒါကို သတိထားစေချင်ပါတယ်။

၅။ Social Engineering

အခုခေတ်တွင် Facebook တို့မှတဆင့် မိတ်ဆွေဖွဲ့ခြင်းသည် အင်မတန်မှ ခေတ်စားသော အလေ့အထ တစ်ခုဖြစ်လာပါသည်။ သို့သော်လည်း အကောင့် အလိမ်များလည်း ရှိသည့်အတွက် မိမိနှင့် ပြောဆိုနေသူသည် အမှန်ဟုတ်မဟုတ် ကို သေချာစွာ စစ်ဆေးသင့်ပါသည်။ စာရေးသူကိုယ်တိုင်လည်း ကြုံဖူးပါသည်။ တစ်ချို့သော Gmail သူငယ်ချင်းများ Facebook ဖွင့်မရ၍ password ပေးကာ ပြန်ဖွင့်ရန် အကူအညီတောင်းခြင်းများရှိပါသည်။ ထိုအခါ စာရေးသူအနေဖြင့် လုပ်ဆောင်မှုများ အားလုံး အောင်မြင်သွားသောအခါ အကူအညီတောင်းသော သူငယ်ချင်းများကို password ချိန်ရန် အမြဲ အကြံပေးသလို နောက်တစ်ခါလည်း ဒီလို password ကို အလွယ်မပေးဖို့ ပြောရသည်များလည်း ရှိပါသည်။ သို့အတွက်ကြောင့် မည်မျှပင်ရင်းနှီးနေပါသည်။ မိမိ account password ကို မပေးမိရင် အလွန်ပင် အရေးကြီးလှကြောင့် တင်ပြအပ်ပါသည်။