ကမ္ဘာ့စံတော်ချိန်များ

မင်္ဂလာပါ

Monday 22 October 2012

Account Security အတွက် ဂရုစိုက်ရမည့် အချက်များ

Account Security အတွက် ဂရုစိုက်ရမည့် အချက်များ



ကျွန်တော်တို့ နေ့စဉ် အနိမ့်ဆုံး Gmail သို့မဟုတ် Facebook ကတော့ အမြဲတစေကို သုံးဖြစ်နေတာကတော့ ဘယ်သူမှ မငြင်းနိုင်လောက်ပါ။ နေ့စဉ်ဘ၀တွေမှာ အင်တာနက်၊ အီးမေးလ်နဲ့ လူမှုဆက်သွယ်ရေးကွန်ယက်တွေက နေရာတကာ အသုံးဝင်လာခဲ့ပါပြီ။

ကျွန်တော်တို့အရင်တုန်းက တစ်နေ့ကို ၁ ခါ အီးမေးလ်စစ်တာလောက် လုပ်ပေမယ့် အခုတော့ တစ်ခါ အင်တာနက်ထိုင်ရင် ၄/၅ ခါလောက်တော့ login ၀င်ရတာကတော့ ထုံးစံလိုဖြစ်နေပါပြီ။ အဲဒီလို တိုးတက်လာတော့ ကျွန်တော်တို့ login ၀င်ထားတဲ့ Website တိုင်းမှာ ပိုမိုကောင်းမွန်စွာ သိမ်းဆည်းပြီး search လုပ်ရင်တောင် တော်တော်ကောင်းမွန်လာပါတယ်။ ဒါပေမယ့် backside အနေနဲ့ ကျွန်တော်တို့ logout မထွက်မိလိုက်တာနဲ့ ကျွန်တော်တို့ဘ၀ကို ဇောက်ထိုးလှန်မယ့် ပြဿနာတွေ ကလည်း ရှိနေပြန်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အကောင့် အခိုးခံရခြင်းကို ဘယ်လိုကာကွယ်မလဲဆိုတာတွေကို တင်ပြပေးလိုက်ပါတယ်။ အောက်ဖော်ပြမယ့်နည်းတွေက Gmail တို့ Facebook တို့ အသုံးပြုတာတင်မကပဲ မည်သည့် site တွင်မဆို ထားရှိခြင်းကိုလည်းဆိုလိုပါတယ်။

၁။ အင်တာနက်ဆိုင်မှာ သွားရောက် အင်တာနက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ

အခုခေတ်ကြီးမှာ အင်တာနက်ကို နိုင်ငံတော်အနေနဲ့ ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ ချပေးတာမျိုးရှိလာပါတယ်။ အဲဒီအတွက် အင်တာနက်ကို ဖုန်းကနေတစ်ဆင့် အသုံးပြုလို့ရလာတာမျိုးတွေ အများကြီးဖြစ်လာတာပေါ့။ ဒါပမယ့် ကိုယ့်မှာ ကွန်ပျူတာရှိနေတယ်ဆိုရင် ဆိုင်မှာ သွားသုံးခြင်းက ကိုယ်ရဲ့ လုံခြုံမှုကို အနည်းနဲ့ အများထိခိုက်တယ်ဆိုတာကတော့ အသေအချာပါ။ memory stick အသုံးပြုလိုက်တာက စပြီးတော့ ဗိုင်းရပ်စ် အန္တရာယ်တွေလည်း အများကြီးကြုံတွေ့နိုင်ပါတယ်။

၂။ အင်တာနက်ဆိုင်သုံးသူများအတွက်

ကိုယ်ကိုယ်တိုင်က အင်တာနက်ဆိုင်မှာ မဖြစ်မနေသုံးရတော့မယ်ဆိုရင်တော့ အောက်ပါအချက်အလက်တွေကို စတင် လုပ်ဆောင်ရမှာပါ။ အဓိက ပြောပြချင်တာကတော့ ကိုယ်တိုင်မပေါ့ဆမိဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင် ပေါ့ဆမိပြီ ဆိုရင်တော့ ဆိုင်မှာ သုံးသုံး အိမ်မှာ သုံးသုံး အားလုံး အဟောသိကံ ဖြစ်သွားမှာပါ။

၁-၁။    ။ မိမိသုံးမည့်စက်ကို စစ်ဆေးပါ။

မိမိသုံးမည့်စက်တွင် key logger များ (သို့) password များကို မှတ်ထားနိုင်မည်ဟု သံသယရှိပါက လုံးဝမ၀င်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်စာရိုက်ထားခြင်းများအားလုံးကို သိမ်းဆည်းထားခြင်းဖြင့် မိမိ အလေးထားရသော အချက်အလက်များ ဆုံးရှုံးသွားနိုင်သောကြောင့်ဖြစ်ပါသည်။

၁-၂။     ။ အင်တာနက်သုံးပါက Firefox ကို private mode ဖြင့် ပြောင်းသုံးပါ။

Firefox သည် အင်တာနက်ဆိုင်များတွင် အလွယ်ဆုံးအသုံးပြုသော အင်တာနက် အသုံးချ software တစ်ခုဖြစ်ပါသည်။ သို့အတွက် Firefox တွင် Tools->Start Private Browsing ကို ရွေးချယ်၍အသုံးပြုသင့်ပါသည်။ Ctrl+Shift+P ကိုအသုံးပြုခြင်းဖြင့် private browsing ပြုလုပ်နိုင်ပါသည်။ private browsing ၏ အဓိက အားသာချက်မှာ Firefox ကို ပိတ်လိုက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် End Private Browsing ပြုလုပ်လိုက်ချိန်တွင် အထဲတွင်ရှိသော history များ၊ login များကို ဖျက်ပစ်လိုက်သောကြောင့်ဖြစ်ပါသည်။ သို့အတွက် private browsing သည် အသုံးသင့်ဆုံးသော tool တစ်ခုဖြစ်ပါသည်။

  ၁-၃။      ။ browser သုံးပြီးတိုင်း clear history ပြုလုပ်ပါ။

အချို့သော browser များတွင် private browsing mode မပါဝင်တတ်ပေ။ သို့မဟုတ် Firefox တွင် private browsing အသုံးပြု၍မရသောအခါတွင် မိမိ logout ထွက်ပြီးပါက Ctrl+Shift+Del ကိုအသုံးပြု၍ history များကို ဖျက်ခဲ့ပါ။ အချို့သော ဆိုက်များသည် ကိုယ်က logout ထွက်လိုက်သော်လည်း Back ခလုတ်ကို ပြန်နှိပ်လိုက်သောအခါတွင် ယခင် login ၀င်ထားသော နေရာသို့ အမှတ်မထင် ပြန်လည် ရောက်ရှိသွားမှုကြောင့် အကောင်းများမှာ မသမာသူများလက်ထဲသို့ ကောက်ခါငင်ကာ ကျရောက်နိုင်ပါသည်။

၁-၄။      ။ logout ထွက်ခဲ့သော page တိုင်းကို back ပြန်ဆွဲကြည့်ပါ။

စာဖတ်သူက gmail ကို logout ထွက်ခဲ့သည်ဆိုပါစို့။ browser မှာရှိတဲ့ back ခလုတ်ကို ပြန်နှိပ်ကြည့်ပါ။ အကယ်၍ ထွက်သွားသည်မှာသေချာလျှင် လုံးဝ ၀င်လို့ရမည်မဟုတ်ပါ။ သို့သော ၀င်လို့ရနေပါက logout ကို ထပ်နှိပ်ပါ။

အထက်ပါ အချက်အလက်များသည် နည်းပညာဆိုင်ရာကိစ္စရပ်များဖြစ်ပါသည်။ သို့သော် အချို့သော မသမာသူများက တခြားသော နည်းလမ်းများကိုအသုံးပြုတတ်ကြပါသည်။

၁-၅။      ။ portableapps.com ကို အသုံးပြုကြည့်ပါ

portableapps.com သည် မိမိ စတစ်များအတွင်းတွင် အသုံးပြုနိုင်သော application အမျိုးအစားဖြစ်ပါသည်။ သို့အတွက်ကြောင့် Firefox ကို usb တွင် သွင်းယူနိုင်သော အနေအထားရှိပါသည်။ ထို့အတွက်ကြောင့် အင်တာနက်ဆိုင်သွားသောအခါ logout ပြုလုပ်စရာမလိုပဲ ပိတ်မိသွားပါကလည်း မိမိ stick အတွင်း၌သာ ကျန်နေမည်ဖြစ်သည့်အတွက်လုံခြုံစိတ်ချရသည်ဟု တစ်ပိုင်းဆိုနိုင်ပါသည်။ ထို application သည် Gmail, Gtalk နှင့် အခြားသော photo editing softwares များပါ ထည့်သွင်းနိုင်သည့်အတွက် စိတ်ချယုံကြည်ရပါသည်။

၃။ မိမိ အကောင့် password ကိုမည်သူ့ကိုမျှ မျှဝေခြင်းမပြုလုပ်ပါနှင့်

မိမိအကောင့်ကို ဖြစ်နိုင်လျှင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ password ပေးခြင်း၊ အထူးသဖြင့် Chat များတွင် password ပေးခြင်းများကို မပြုလုပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော ထို chat record များကို အသုံးပြု၍ မသမာသူများက တိုက်ခိုက်နိုင်သောကြောင့်ဖြစ်ပါသည်။

အချို့သော ချစ်သူစုံတွဲများအနေဖြင့်လည်း မည်မျှပင် ယုံကြည်စိတ်ချစေကာမူ password ကို ပြောပြခြင်း မပြုလုပ်ဖို့အရေးကြီးပါတယ်။ ကိုယ်ကတော့ သေချာအောင် password ကို သိမ်းထားပေမယ့် ကိုယ့်ချစ်သူက အမှားအယွင်းတစ်ခုကြောင့် password ပေါက်ကြားသွားရင် သင့်အကောင်း စူဠလိပ် ရေထဲမျှောလိုက်တာထက် ကဲသွားနိုင်ပါတယ်။ အဲဒါကို သတိထားစေချင်ပါတယ်။

၅။ Social Engineering

အခုခေတ်တွင် Facebook တို့မှတဆင့် မိတ်ဆွေဖွဲ့ခြင်းသည် အင်မတန်မှ ခေတ်စားသော အလေ့အထ တစ်ခုဖြစ်လာပါသည်။ သို့သော်လည်း အကောင့် အလိမ်များလည်း ရှိသည့်အတွက် မိမိနှင့် ပြောဆိုနေသူသည် အမှန်ဟုတ်မဟုတ် ကို သေချာစွာ စစ်ဆေးသင့်ပါသည်။ စာရေးသူကိုယ်တိုင်လည်း ကြုံဖူးပါသည်။ တစ်ချို့သော Gmail သူငယ်ချင်းများ Facebook ဖွင့်မရ၍ password ပေးကာ ပြန်ဖွင့်ရန် အကူအညီတောင်းခြင်းများရှိပါသည်။ ထိုအခါ စာရေးသူအနေဖြင့် လုပ်ဆောင်မှုများ အားလုံး အောင်မြင်သွားသောအခါ အကူအညီတောင်းသော သူငယ်ချင်းများကို password ချိန်ရန် အမြဲ အကြံပေးသလို နောက်တစ်ခါလည်း ဒီလို password ကို အလွယ်မပေးဖို့ ပြောရသည်များလည်း ရှိပါသည်။ သို့အတွက်ကြောင့် မည်မျှပင်ရင်းနှီးနေပါသည်။ မိမိ account password ကို မပေးမိရင် အလွန်ပင် အရေးကြီးလှကြောင့် တင်ပြအပ်ပါသည်။