ဒီဘလော့လေးကို တည်ထောင်ရခြင်းအကြောင်းအရင်းကတော့ ကမ္ဘာအသီးသီးမှာ၇ှိတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွတ် လေ့လာဖတ်ရူနိုင်၇လွယ်ကူစေဖို့ပါပဲ ပြီးတော့ ကျွန်တော်ရဲ့ ဘလော့လေးမှာ ဆွေးနွေးတိုင်ပင် နိုင်ကြဖို့ ခေတ်ပညာတွေကို လေ့လာမယ် ထည့်သွင်းမယ် မသိတဲ့လူငယ်တွေ လေ့လာမယ် သင်ယူမယ် အဲလိုရည်ရွယ်ချက်တွေနဲ့ ဒီဘလော့လေးကိုတည်ထောင်ခြင်းဖြစ်ပါတယ်။ ဒီနေရာလေးကနေ သူငယ်ချင်း အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ။
Tuesday, 16 July 2013
သရက်သီးစားသုံးခြင်းအကျိုးကျေးဇူး
အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့်
Sunday, 7 July 2013
သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး
သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး
သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။
(၁) အ...သားအရေကို ကျန်းမာလှပစေပါတယ်
ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)
(၂) အမြင်အာရုံကို ကောင်းစေပါတယ်
ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်
သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။
(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်
သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။
(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်
ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။
(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်
ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။
(၇) သွေးဖိအားကို လျော့ကျစေပါတယ်
သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။
(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။
(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်
ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။
(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်။
ကျန်းမာ၇ွှင်လန်းနိုင်ပါစေ။ ။ ။
facebook မှ အ၀င်မေးလ်တွေ ပိတ်ထားရအောင်
facebook မှ အ၀င်မေးလ်တွေ ပိတ်ထားရအောင်
Gmail မှာ Facebook ကမေးလ်တွေ လက်မခံချင် ဘူးဆိုရင် အရင်ဆုံး ကိုယ်ရဲ. facebook အကောင့်
ကိုဝင်ပါ။
ပုံထဲကအတိုင်း Account Settings ကိုသွားပါ။
Notifications ကိုသွားပါ။ ရောက်ရင် ကိုယ်မလိုချင် တဲ့ကဏ္ဍအလိုက် facebook မှ ပို့မယ့်မေးလ်တွေကို ပိတ်လို့ ရပါတယ်။ အကုန် မလိုချင်ရင်တော့ အမှန် ခြစ်လေးတွေ အကုန်ဖျက် ပေးလိုက်ပါ ၊
အကုန်ဖျက်မယ်ဆိုရင်
အမှတ်တစ်ခုချင်းစီလိုက် ပြီးဖြုတ်နေမဲ့ အစား အပေါ်က စာအိတ်ပုံလေးကို
ကလစ်ပေးလိုက်ပါ။ အားလုံးပီးရင် Save changes လုပ်ပေးပါ
အားလုံးအဆင်ပြေပါစေ။
Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း…
Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း
Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း…
အတိုင်း အင်စတော လုပ်လိုက်ပါအဲ့ဆိုရင် Gtalk တွေ အများကြီး ပွားဖွင့်သလိုမော်ဇီလာကိုလည်း အလုံးများစွာပွား၍
အကောင့်များစွား တစ်ပြိုင်နက်သုံးလို့ ရပါပြီအသုံးလို တဲ့သူများ သုံးနိုင်ကြပါပြီ.....။
ပထမအဆင့် Download link ကို နှိပ်လိုက်ပါ - http://br.mozdev.org/multifox/
1 - ညာဘက် အပေါ်နားက အစိမ်းရောင်အကွက် install mulitifox ကိုနှိပ်ပါ
2 - Firefox က စာပေါ်လာလျှင် Allow ကိုနှိပ်ပါ
3 - Download ဆိုပြီး ပြည့်သွားလျှင် Install Now ကို ဆက်နှိပ်ပါ
4 - အင်စတောလုပ်ပီးလျှင် Firefox ကို Restart လုပ်ပါ ( ပိတ်ပီး ပြန်ဖွင့်)
အဲ့ဆိုရင် Firefox တစ်ခုထဲမှာ အကောင့်တွေ အများကြီး ဖွင့်လို့ ရပါပြီ
File ကိုနှိပ်လိုက်ရင် New Identity Profile ကို နှိပ်ပါ .အများကြီးနှိပ် များကြီးရ
အကောင့်ဆယ်ခုရှိ ဆယ်ခုလုံး တစ်ခါထဲ ဖွင့်ထား လို့ ရနိုင်ပါတယ်.............။
Saturday, 6 July 2013
photoshop နဲ့ကောင်မလေးကျောကို ဆေးမှင်ကြောင်ထိုးကြည့်မယ်
photoshop နဲ့ကောင်မလေးကျောကို ဆေးမှင်ကြောင်ထိုးကြည့်မယ်
အခု သင်ခန်းစာက မိန်းကလေးတက်တူးမှမဟုတ်ပါဘူး .. တက်တူးထိုးနည်းသင်ပေးတာပါ ... နည်းစနစ်ကတော့တူတူပါပဲ .. ကိုယ့်ခန္ဓာမှာ တက်တူးထိုးရင် ဘယ်လိုမျိုးဖြစ်သွားမလဲ .. စိတ်ကူးယဉ်ကြည့်လို့ရတာပေါ .. စကြရအောင် ... အခုတက်တူးထိုးမယ့် ကောင်မလေးပုံကို ဖွင့်လိုက်ပါမယ် ...
ပြီးရင်တက်တူးပုံကိုလည်း ထပ်ဖွင့်ပါမယ် ..
ပြီးရင် Ctrl+A နှိပ် ပြီး Ctrl+C
ကိုနှိပ်လိုက်ပါ နဂါးပုံမှာလုပ်ရမှာပါ
ပြီးရင် Ctrl+Tab ကိုနှိပ်လိုက်ပါမိန်းကလေးပုံကိုရောက်သွားပါလိမ်
နဂါးပုံ layer ကို ပဲ select ပေးပြီး Blend Mode မှာ
Multiply လို့ပြင်လိုက်ပါ ..
ပြီးသွားရင်နဂါးပုံက ကြီးနေလို့..သေးပါမယ်..
Edit Menu / Free Transform ကိုရွေးလိုက်ပါ....သို့မဟုတ် Ctrl+T ကိုနှိပ်လိုက်ပါ .. ပြီးတော နဂါးပုံကိုသေးလိုက်မှာပေါ့နော်.
.( Alt+Mouse Wheel = Zoom In/out )
Edit Menu / Free Transform ကိုရွေးလိုက်ပါ....သို့မဟုတ် Ctrl+T ကိုနှိပ်လိုက်ပါ .. ပြီးတော နဂါးပုံကိုသေးလိုက်မှာပေါ့နော်.
.( Alt+Mouse Wheel = Zoom In/out )
![]() |
ပြီးသွားရင် အဆင်ပြေသလိုလှည့်လိုက်မှာပေါ့ ..
အဲ့ဒီ
Ctrl+T ( Free Transform )၀င်နေတဲ့အချိန်မှာပဲ.. Right Click ထောက်ပြီး
Warp ကိုရွေးပြီး .. လိုသလို ညှိပါ... ပုံက ပြန့်ကြီးတော့ ဘယ်အဆင်ပြေမလဲဗျာ .. ဒါကြောင့် နည်းနည်းရွဲ့ပေးရမှာပေါ့ ...
အဆင်ပြေသွားပြီး enter ခေါက်ပါ ဒါဆို Grid တွေပျောက် သွားမှာပေါ့ ....ဒါပေမယ့်
ဒါက အကြမ်းဖျင်းပဲရှိ ပါသေး တယ် .. ပိုသေသပ်အောင် Liquify နဲ့
သေသေချာချာလုပ်ပါမယ် .. ကျောကုံးနေရာလေးတွေ က ဖောင်းနေရမှာမဟုတ်လား..
ဒါကြောင့် Liquify ကိုသုံးပါမယ် .. ( Liquify ဆိုတာ ပုံတွေကို
လက်နဲ့တွန်းသလိုမျိုးလေး ဆွဲ့ဆန့်ဆွဲထုတ်လုပ်လို့ရတယ်ဗျ ။
မျက်နှာအစိတ်အပိုင်းတွေ ပြင်တဲ့နေရာမှာလည်း သုံးလေ့ရှိတယ်..
နှာခေါင်းလေးတွေ ကြီးအောင်တို့ .. မေးရိုးကားတာလေးတွေ သွယ်အောင်တို့ ..
အဲ့လိုလည်းသုံးလေ့ရှိတယ် ... )ကဲ ဒါဆို အခု Liquify လုပ်ဖို့ .. Filter
Menu / Liquify ကိုသွားပါမယ် ...
ဒါဆို နောက်ထပ် ၀င်းဒိုးဘောက်စ်လေးထပ်ပေါ်လာမှာ
show
backdrop မှာ on ပြီး Background ပြောင်းတာက show back drop ဖြုတ်ထားရင်
.. ကိုယ် select ပေးထားတဲ့ layer (နဂါးပုံပဲမြင် ရတော့) ဘယ်လိုမှ
အဆင်ပြေမှာမဟုတ်လို့ On ထားတာပါ
Background ပေးထားတာကတော့ .. Background ဖြစ်တဲ့ မိန်းကလေးပုံကို မြင်ပဲမြင်ချင်တယ် လက်နဲ့ တွန်းရင် မပါချင်လို့ .. Background လို့ပေးထားတာပါ...( လုပ်ရင်းနားလည်သွားပါ လိမ့် မယ် ၊ ထပ်သိချင်စမ်းကြည့်ပါ )
Background ပေးထားတာကတော့ .. Background ဖြစ်တဲ့ မိန်းကလေးပုံကို မြင်ပဲမြင်ချင်တယ် လက်နဲ့ တွန်းရင် မပါချင်လို့ .. Background လို့ပေးထားတာပါ...( လုပ်ရင်းနားလည်သွားပါ လိမ့် မယ် ၊ ထပ်သိချင်စမ်းကြည့်ပါ )
အခုအောက်ကပုံဆိုရင်
နည်းနည်းရွဲ့သွားပါပြီ .. ကျွန်တော် လုပ်ထည့် လိုက်လို့ .. Brush Size ကို
လိုသလိုသုံးသွားပါတယ် .. Brush Size ကြီးရင် .. ကိုယ်တွန်းတဲ့နေရာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပြီး .. နေရာကျဉ်းကျဥ်းလေးတွေ ကြားထဲ
တွန်းမယ်ဆိုရင်တော့ Brush Size သေးသေးနဲ့ လုပ်ရမှာပေါ့ ...
အခုလိုမျိုးလေး
ကြည့်ကောင်းလာပြီဆို OK နှိပ်ပြီးထွက်လိုက်ပါ ... မလိုတဲ့နေရာလေးတွေကို
Eraser Tool နဲ့ဖျက်ပါတော့မယ် .. setting လေးကအောက်ကအတိုင်းပေါ့ ...
နောက်ဆုံးဖျက်ပြီးသွားရင်
Opacity ကို လည်း အဆင်ပြေသလိုလျှော့လိုက်ပါ ..ကျွန်တော်ကတော့ 70 Final
Result လေးပါ ... အဆင်ပြေကြပါစေ ...
ထားလိုက်ပါတယ် ဆေးမင်ကြောင်က အရမ်းထင်းနေရင် မတူပဲ နေပါလိမ့်မယ် ..
နည်းနည်းတော့ လျှော့ပေါ့ဗျာ .. ဒါဆို အောက်ကပုံလေးလို ရလာပါမယ် ..
.
အခုလို. လာေ၇ာက်လည်ပတ်သူ အားလုံးကျန်းမာ၇ွှင်လန်းနိုင်ကျပါစေ။
Gmail ကနဲ Facebook ကို Mail ပို့ရအောင်
Gmail ကနဲ Facebook ကို Mail ပို့ရအောင်
ဒီဟာလေးကတော့လေ့လာ စမ်းသပ်ထားတဲ့အရာလေးပါFacebook မထိုင်ခဲ့ဘူးဆိုရင်တော့ Gmail ကနဲ Mail ပိုလိုရအောင်ပေါ့နော် Gmail မထိုင်ခဲ့ဘူးဆိုရင်လဲ Facebook ကနေ Mail ပို့လိုရတာပေါ့နော်။ အပြန်အလှန်ပို့တာ အရမ်းကိုအဆင်ပြေတယ် Gmail ထဲမဟုတ်ဘဲ Yahoo, Hotmail တွေလည်းပို့လို့ရတယ် ကယ်စရအောင် Facebook ကိုဖွင့်ပြီးတော့ Messages ကိုသွားပါ ဥပမာ Facebook@facebook.com လေးလိုကိုယ်ရဲ့ Facebook Email ကိုတွေ.ရလိမ်မယ်။
ပြီးတော့ Gmail ကိုသွားပြီးတော့ To နေ၇ာမှာname@facebook.com လို.ေ၇းပေးပါ ပြီးတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေေ၇းပြီး ပို့တော့
Facebook Massages မှာ Mail လေးရောက်လာပါလိမ်မည်
နောက်တစ်ခုကတော့ Facebook ကနဲပို့တဲ့နည်း ကိုယ်ကြိုက် Mail
ဆီကိုပိုရအောင် To မှာကိုယ်ကြိုက်တဲ့ Gmail Mail, Hotmail,
Yahoo ကိုယ်ကြိုက်တဲ့ Mail လိမ်စာလေးရေးချ ပြီးတော့ Messages
တွေလည်ရေးထည့်လိုက် ပြီးတော့ Send
ကဲနောက်တော့ကိုယ်ပို့တဲ့ Mail ဆီရောက်ပြီး
အားလုံးကိုကျေးဇူးထင်ပါတယ် ပျော်၇ွှင်ချမ်းမြေ့ကြပါစေ။ ။
Wednesday, 3 July 2013
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်ရာ
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်ရာ
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေးကုန်ကျမှု့များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီခံရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော်ကုန်ကျပါသည်။ ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရများသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်းဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင်
နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက် နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖုသဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့ မိသားစုဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ ငါး၊ မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ ယောက်ျားများအတွက်၊ယောက်ျား ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကိုရေနွေးဖြူထဲတွင်ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲအူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ၊ ဖြေးဖြေးသက်သာလာပါမည်။
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီးဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင်အကြိမ်ရေလျော့လာသည်ကိုတွေ့ရပါမည်။ပျောက်ကင်းသက်သာပါကလူတိုင်းအားဖြန့်ဝေပါ။မသက်သာပါက ကျွန်တော့်အားစိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်၊ သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် ၇ည်၇ွယ်ချက်ဖြင့် တင်လိုက်ရပါသည်
နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက် နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖုသဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ ယခုတင်ပြသောဆေး
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ ငါး၊ မရောပါနှင့်၊ရောဂါမရှိသေးသူများ
၂။တရုပ်နံနံပင်ငါးရွက်ကိုရေနွေးဖြူထဲတွင်ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲအူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ၊ ဖြေးဖြေးသက်သာလာပါမည်။
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီးဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူ
Subscribe to:
Posts (Atom)